![]() |
| ဇနီးမယားဝယ်ယူတဲ့ လူကုန်ကူးသူ တရုတ်နိုင်ငံသားလေးဦး။ ဓါတ်ပုံ - Law Black (FB) |
တိုင်ကြားချက်အရ တာဝန်မှူး ရဲအုပ် စိုးကျော်စွာနှင့်အဖွဲ့သည် ဒေါ်စန်း ထွေးအား ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့သည်။
ဒေါ်စန်းထွေး၏ ထွက်ဆိုချက်အရ သမီးဖြစ်သူနှင့် လက်ထပ်မည့် တရုတ် နိုင်ငံသားမှာ ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းမြောက် အနောက်ရပ်ကွက် ကမ်းနားလမ်း အမှတ် (၂၃၂/၆)လွှာတွင် တည်းခိုနေထိုင်ကြောင်းသိရ၍ ယင်းနေရာသို့ သွားရောက်ရှာဖွေခဲ့ရာ မယုယုထွေးအား တွေ့ရှိခြင်းမရှိသော် လည်း ၄င်းနေအိမ်တွင် မလှလှမိုး၊ မအေးသန္တာ၊ မအေးအေးသန်းနှင့် တရုတ် နိုင်ငံသားများ ဖြစ်ကြသော JIANG DIAPFANG XU၊ GAOREN, SHAO HUA-SHENG တို့ကို တွေ့ရှိခဲ့၍ ရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့သည်။
မေးမြန်းချက်အရ မယုယုထွေး တည်းခိုရာ လှိုင်မြို့နယ် ရွာမကွေ့အနီးရှိ Silver Moon Hotel သို့ ဆက်လက်ရှာဖွေခဲ့ရာ မယုယုထွေးအား ၄င်းနှင့် လက်ထပ်မည့် တရုတ်နိုင်ငံသား XU-ZHANGYU နှင့်အတူ တွေ့ရှိရ၍ ရဲစခန်းသို့ခေါ်ယူစိစစ်မှုများပြုလုပ်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင် ၂၃ ရက် နံနက် ၈ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (ရန်ကုန်) မှ ဒုတိယရဲမှူး မျိုးသိန်းနှင့်အဖွဲ့က လာရောက်စစ်ဆေးမှုများ ပြုခဲ့သည်။
ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ယင်းနေ့မှာပင် တရုတ်နိုင်ငံသားလေးဦး၊ မြန်မာအမျိုးသားတစ်ဦး၊ မြန်မာအမျိုးသမီး ကိုးဦးနှင့်အတူ စာရွက်စာတမ်းများ ကို ကြည့်မြင်တိုင်မြို့မရဲစခန်းမှ အဆိုပါ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ရဲစခန်းအနီးတွင် ရောက်ရှိနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့က ''အခုရောင်းစားခံရတဲ့ သမီးလေးက အိမ်မှာရှိတဲ့ အိမ်အကူမိန်းကလေးက လာပြောရာက သိခဲ့ရတာပါ။ သူတို့က ဒီကနေ့မနက် ထွက်သွားတော့မှာ။ သားသမီးချင်းကိုယ်ချင်းစာပြီး အချိန်မီအောင် ညကတစ်ညလုံး ရဲစခန်းကို သတင်းပေးခဲ့တာပါ''ဟု မီဒီယာများသို့ ရှင်းပြခဲ့သည်။
ဘော်ဂါသွေး - Myanmaalinn

မှတ်ချက်များ