ပိုလေးတဲ့ ဇွန်းခက်ရင်းတွေက အစားအသောက်ကို ပိုအရသာရှိစေ
ပိုလေးတဲ့ ဇွန်းခက်ရင်းတွေနဲ့ စားခြင်းက အစာရဲ့အရသာကို ပိုမိုကောင်းမွန်စေတယ်လို့ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဇွန်းခက်ရင်းရဲ့ အလေးချိန်နဲ့ အစာအပေါ် လူတွေနှစ်ခြိုက်မှု အကြားက တိုက်ရိုက်ဆက်နွယ်မှု ကို လေ့လာရှာဖွေမှုပြုခဲ့တာပါ။
ဟိုတယ်စားသောက်ဆိုင်ရဲ့ ညစာပေါင်း ၁၃၀နဲ့အထက်ကို လေ့လာမှုပြုခဲ့ချက်တွေအရ၊ အစားအစာ တစ်မျိုးတည်းကိုပဲ အရည်အသွေးနိမ့် ဇွန်းခက်ရင်းတွေနဲ့ စားတာထက် အရည်အသွေးမြင့် ဇွန်းခက်ရင်းနဲ့စားတဲ့ သူတွေဟာ အစားအသောက် တန်ဖိုးထက် ၁၅ရာခိုင်နှုန်းကို အပိုပေးဖို့ လိုလိုလားလား ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီလေ့လာမှုကို အောက်စ်ဖို့ဒ်တက္ကသိုလ် အဖွဲ့တစ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ပိုမိုလေးလံတဲ့ ဇွန်းခက်ရင်းတွေနဲ့ စားရင် အရသာ ပိုရှိတယ်ဆိုတဲ့ အကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ “ဇွန်းခက်ရင်းတွေရဲ့ အပြုသဘော ဒါမှမဟုတ် အပျက်သဘော တန်ဖိုးတွေဟာ အစားအသောက်အပေါ် ကျွန်တော်တို့ အကဲဖြတ်မှုဆီကို အကြွင်းမဲ့ ကူးပြောင်းတာပါ။ ဒီသဘာဝဖြစ်စဉ်ကို (အာရုံခံစားမှု ကူးပြောင်းခြင်း) လို့ ခေါ်လေ့ရှိပါတယ်။” လို့ သုတေသနကို ဦးဆောင်ခဲ့သူ Charles Michel ကပြောပြခဲ့ပါတယ်။
Trend Myanmar

မှတ်ချက်များ