အငွေ့အသက်လေးပါတဲ့ ပစ္စည်းလေးတွေ ဖန်တီးဦးမယ့် ၀တ်မှုန်ရွှေရည်


ပရိသတ်တွေရဲ့ ဂရုစိုက်မှု အခံရဆုံးဖြစ်တဲ့ အကယ်ဒမီ ၀တ်မှုန်ရွှေရည်က ပရိသတ်တွေဆီမှာ သူမရဲ့ အငွေ့အသက်လေးတွေ ကျန်ချင်တဲ့အတွက် လက်ဆောင်ပစ္စည်း ထုတ်ခဲ့ပြီး နောက်ထပ်လည်း အကန့်အသတ်နဲ့ ထပ်ထုတ်သွားမှာလို့ ပြောပြခဲ့ပါတယ်။

“ကစ်နာမည် (သို့) ကစ်ရဲ့ဖန်တီးထားတဲ့ ပစ္စည်းလေးတွေ ရောင်းရတာကတော့ အဓိက ပရိသတ်ဆီမှာ အငွေ့ အသက်လေးတွေ ကျန်ချင်လို့ပါ။ အခုလည်း ကစ် ကျောက်မျက် ရတနာလေးတွေနဲ့ လုပ်ထားတဲ့ ဆွဲကြိုးတို့၊ လက်ဝတ် တန်ဆာလေးတွေ ဖန်တီးပြီး ရောင်းပေးနေပါတယ်။ ဆိုင်တိုင်းမှာတော့ မဟုတ်ပါဘူး ။တိုက်ရိုက်ပဲ လုပ်ထားတယ်။ နောက်ပြီး အရေအတွက် ကန့်သတ်ထားတယ်။ 

ဒါကလည်း ကစ်ရဲ့ဖန်တီးထားတဲ့ ပစ္စည်းလေးတွေကို ကစ် ပရိသတ်အတွက်ပဲ အဓိက ရည်ရွယ်တဲ့ အတွက်ကြောင့်ပါ။ ဟိုလိုမျိုး ဆိုင်ဖွင့်ပြီးရောင်းရတဲ့ ပုံစံမျိုး မလုပ်ချင်ပါဘူး။ ကစ် ပရိသတ်အတွက်ပဲ ရည်ရွယ်ပြီး လုပ်တာဆိုတာလေ။ အရင်ကတော့ ခေါင်းအုံးလေးတွေ လုပ်ထားပါတယ်။ နောက်ထပ်လည်း ကစ်လုပ်မှာပါ။ ဒါပေမဲ့ အကန့်အသတ်ပဲလုပ်မှာပါ” လို့ ၀တ်မှုန်ရွှေရည်က ပြောပြခဲ့ပါတယ်။

ဝတ်မှုန်ရွှေရည်ဟာ We Love Wut Hmone Shwe Yi ဆိုတဲ့ Facebook Fan မှာ ပရိသတ်တွေရဲ့ ဂရုစိုက်အားပေးမှုကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှားမှုအနေနဲ့ လက်ရှိမှာတော့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးနေတဲ့ “ပန်းနဲ့ ပေါက်တာ” ဇာတ်ကားမှာ အကယ်ဒမီ နေတိုးနဲ့အတူ သရုပ်ဆောင် နေကြောင်း သိရပါတယ်။

The Messager

မှတ်ချက်များ