မေ့လျော့နေတဲ့ အမှန်တရားကို ပြန်ဖော်မယ့် ဝေလ


မန္တလေးမြို့မှာ မိတ်ကပ်မကြိုက်တဲ့ သီချင်းများ MTV ကို ပရိုမိုးရှင်း ပြုလုပ်မယ့် အဆိုတော် ဝေလက တတိယမြောက် အခွေကိုလည်း စီစဉ်နေပြီး ပရိသတ် ဘယ်တော့မှ စိတ်မပျက်အောင် ဖန်တီးနေကြောင်း ပြောပါတယ်။ “ကျွန်တော် တတိယခွေ အတွက် သီချင်း(၁၈)ပုဒ်လောက် ရွေးထားပြီးပါပြီ။ အဲဒီ (၁၈)ပုဒ်လောက်ထဲကမှ ကျွန်တော် စိတ်တိုင်းကျ ရွေးဦးမယ်။ စိတ်တိုင်းကျတဲ့ သီချင်းတွေကိုပဲ ဒီအခွေမှာ သုံးမှာပါ။ အရင်ခွေကလိုပဲ သူများတွေ ဆိုနေကြ မဟုတ်တဲ့ သီချင်းတွေ၊ လူတွေ မေ့လျော့နေတဲ့ အမှန်တရားတွေ ပါတဲ့ သီချင်းတွေကို ချပြသွားမှာပါ။ နောက်ပြီး ကျွန်တော့်ဘက်ကနေ ကတိပေးနိုင်တာက ပရိသတ်ဘယ်တော့မှ စိတ်မပျက်စေရဘူး ဆိုတာပါပဲ”လို့ ပြောပါတယ်။

တတိယ တစ်ကိုယ်တော်အခွေကိုတော့ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ နီနီခင်ဇော်ရဲ့ “အနီရောင်”တေးစီးရီးမှာလည်း ပါဝင်အားဖြည့်ထားကာ နီနီခင်ဇော်နဲ့အတူ တေးစီးရီး ပရိုမိုးရှင်းကို မန္တလေးမှာ အတူတူ ပြုလုပ်သွားမယ်လို့ ထပ်မံ ပြောခဲ့ပါတယ်။

The Messager

မှတ်ချက်များ