PSY ယဉ်တိုက်မှုဖြစ်၏



အိုပါဂန်းနားစတိုင်သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ တောင်ကိုရီးယားပေါ့ပ်အဆိုတော် PSY တစ်ယောက် တရုတ်နိုင်ငံမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ PSY ရဲ့ Roll Royce ကားဟာ ဘတ်စ် ကားတစ်စီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

တရုတ်သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ယာဉ်တိုက်မှုဟာပြီးခဲ့တဲ့ကြာသပတေးနေ့ က နေ့လယ်အချိန်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

PSY ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ကနေ အနားယူမယ့်ဟိုတယ်ကိုအသွားမှာ ယာဉ်
တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး PSY ကားရဲ့ခေါင်းပိုင်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

သတင်းတွေအရ စားသောက်ဆိုင်တစ်ခုက နေ့လယ်ပါတီတစ်ခုကို တက်ရောက်ဖို့အ တွက် တရုတ်နိုင်ငံကို ရောက်ရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

Yangon Media Group

မှတ်ချက်များ