ကားပြိုင်ပွဲကြည့်ရှုခွင့် ကံထူရှင်များ ရွေးချယ်
စင်ကာပူနိုင်ငံ၌ကျင်းပ မည် Formula 1 World Champion ကား ပြိုင်ပွဲသို့ လိုက်ပါကြည့်ရှုခွင့်ရရှိနိုင်မည့် ကံ ထူးရှင်ရွေးချယ်ပွဲကို Casio Edifiec မှ ဇူ လိုင် ၁၅ရက်က ရန်ကုန်မြို့ရှိ Naing Family Cherry Oo Office တွင်ကျင်းပခဲ့သည်။
အဆိုပါကံထူးရှင်ရွေးချယ်ပွဲကို ပရိုမိုးရှင်းကာလများဖြစ်သည့် ဇူလိုင်လမှ စတင်ကာ သုံးလတိုင်ကျင်းပသွားမည်ဖြစ်ပြီး ဇွန်လတွင် Edifiec နာရီဝယ်ယူခဲ့သည့် Customer ၁၁၁ ဦးထဲမှ ရွေးချယ်သွားခြင်းဖြစ် ပြီး သုံးဦးတိတိ ရွေးချယ်သွားမည်ဖြစ်ကြောင်း Casio Edifiec မှ Brand Manager ဖြစ်သည့် မနီလာက
ပြောသည်။
Edifiec နာရီဝယ်ယူသည့် ကံထူး ရှင်များသည်စက်တင်ဘာ ၁၈ရက်၊ ၁၉ရက်၊ ၂ဝရက်ခရီးစဉ်အတွက် စရိတ်အားလုံးနှင့် ကားမောင်းပြိုင်ပွဲ ကြည့်ရှုခွင့်လက်မှတ် ကိုEdifiec မှ အကုန်အကျခံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
Yangon Media Group

မှတ်ချက်များ