ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ စသည့် ၈၈ မျိုးဆက်မှ ထိပ်သီးခေါင်းဆောင်များ ရွေးကောက်ပွဲ ဝင်၊ မဝင် ဇူလိုင် ၂ဝ ရက် ကြေညာမည်
၈၈ မျိုးဆက် ငြိမ်း/ မှ ထိပ်သီးခေါင်းဆောင်များဖြစ်သည့် ကိုကို ကြီး၊ ကိုမြအေး၊ ကိုဂျင်မီ စသူတို့ ရွေးကောက် ပွဲ ဝင်၊ မဝင်နှင့်ပတ်သက်ပြီး ဇူလိုင် ၂ဝ ရက် တွင် တရားဝင် ကြေညာမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်း/ပွင့် များ ထံမှ သိရသည်။
၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ထိပ် သီးခေါင်းဆောင်များအနေဖြင့် ရွေးကောက် ပွဲတွင် မည်သို့မည်ပုံ ဝင်ရောက်ယှဉ်ပြိုင်ရ မည်နှင့်ပတ်သက်ပြီး NLD င့် ဇူလိုင် ၁၇ ရက် က ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေဂုံတိုင်ရှိ NLD ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် လာမည့်ရွေး ကောက်ပွဲကို ၈၈ နှင့် NLD တို့အကြား မည်သို့မည်ပုံ မဟာမိတ်ဖွဲ့၍ ဝင်ပြိုင်ကြမည်၊ ၈၈ အဖွဲ့မှ အဖွဲ့ဝင်တချို့အနေဖြင့် NLD ပါတီအောက်မှ မည်သို့ ယှဉ်ပြိုင်နိုင်မည် စ သည့်အချက်များနှင့် ပတ်သက်၍ အပြီးသတ် ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက်များဘက်မှ အပြီးသတ် ဆုံးဖြတ်နိုင်ခြင်း မရှိသေးသဖြင့် လာမည့် ဇူလိုင် ၂ဝ ရက်မှ အပြီးသတ်ထုတ် ပြန်ကြေညာမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ကိုမြအေးကပြော သည်။
''အသေးစိတ်ကို လာမယ့်ရက် ပိုင်းအတွင်း ထုတ်ပြန်ပါ့မယ်။ တနင်္လာနေ့ လောက်ဖြစ်မှာပါ''ဟု ကိုမြအေးက ဇူလိုင် ၁၇ရ က် ညနေပိုင်းတွင်ပြောသည်။
၈၈ မျိုးဆက်မှ အငယ်တန်းအ ဖွဲ့ဝင်များမှာNLD ပါတီဝင်အဖြစ် လာ မည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဘီဘီစီမြန်မာပိုင်းနှင့် တွေ့ ဆုံမေးမြန်းမှုတွင် အဖွဲ့ဝင် မသက်သက် အောင်က ပြောကြားထားပြီး ဦးကိုကိုကြီး မှာလည်း တသီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါသတင်းဌာနတွင် ဖော် ပြထားသည်။
''ထိပ်သီးခေါင်းဆောင်တွေနဲ့ ပတ် သက်လို့ တနင်္လာနေ့မှာ ကြေညာမှာပါ။ ကျွန် တော်လဲ မသေချာသေးပါဘူး''ဟု ဘီဘီစီ သတင်းဌာနမှ ဖော်ပြခဲ့သည့် ရွေးကောက် ပွဲဝင်မည့် ၈၈ မျိုးဆက်စာရင်းတွင် ပါဝင် သူ ကိုပဏ္ဍိတ်ထွန်းက ပြောသည်။
NLD အနေဖြင့် ၈၈ မျိုးဆက် များအပြင် CRPP အဖွဲ့ဝင် တိုင်းရင်းသား ပါတီများနှင့်လည်း မဟာမိတ်ဖွဲ့နိုင်ရေး ဆွေး နွေးလျက်ရှိနေပြီး အဆိုပါအဖွဲ့ခေါင်းဆောင် များ ယှဉ်ပြိုင်မည့် နယ်မြေများတွင်ြီူ အနေဖြင့် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထား သည်။
စိုင်းထွန်းအောင်လွင် - FlowerNewsJournal

မှတ်ချက်များ