![]() |
| မြန်မာ့တပ်မတော်နှင့် 'ဝ'တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်။ ဓာတ်ပုံ-မြစ်မခ |
အဆိုပါ ငါးနှစ်စီမံချက်ကို ဘတ် သန်း ၃၅ဝ ဖြင့် ဆောင်ရွက်လျက်ရှိ ပြီး ဇူလိုင် ၁၅ ရက်တွင်ပြုလုပ်သည့် တတိယအကြိမ်မြောက် နှစ်နိုင်ငံစီမံ ကိန်း ညှိနှိုင်းအစည်းအဝေးပွဲတွင် မယ်ဖားလုံ (Mae FhaLaung)ဖောင် ဒေးရှင်း၏ Chairman of Board ဖြစ်သူ Mr.DisnaddaDiskul က ပြောသည်။
''ကျွန်တော်တို့ ဒေသတွင်းစိုက် ပျိုးရေး၊ မွေးမြူရေးနဲ့ ဖွံ့ဖြိုးရေးလုပ် ငန်း လုပ်ဆောင်တဲ့နေရာက''ဝ''နယ်မြေထဲ နေ့တိုင်းဖြတ်သန်းသွား လာနေရတော့ မြန်မာ့တပ်ဘက်ကလဲ တစ်မျိုးထင်တယ်။ ''ဝ'' ဘက်ကလဲ တစ်မျိုးထင်တယ်။ ကျွန်တော်တို့က အစိုးရအဆင့် သဘောတူညီချက်နဲ့ နိုင်ငံတော်အစိုးရရဲ့ ဒေသတွင်း လို အပ်တဲ့နေရာတွေမှာ လုပ်ပေးနေတာ ပါ။ တကယ်တမ်းတော့ ကျွန်တော် တို့က ဒေသခံတွေရဲ့ ဖွံ့ဖြိုးတိုးတက် မှုအတွက် အလုပ်လုပ်ပေးနေတာ ပါ။ ဒါကိုအမြင်ရှင်းသင့်တယ်''ဟု ထိုင်းနိုင်ငံ Mae FahLuang ဖောင် ဒေးရှင်းမှ Mr.DisnaddaDiskul က ပြောသည်။
မြန်မာနိုင်ငံမှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှက ¤င်းကိစ္စအား နိုင်ငံတော် အစိုးရထံ တင်ပြပေးမည်ဖြစ်ပြီး ဆက်လက်ပြုလုပ်မည့် အစည်းအဝေး များတွင် တပ်မတော်ဘက်မှ တာဝန် ရှိသူများနှင့် စစ်ဖက်ဆိုင်ရာလုံခြုံရေး ကဲ့သို့ အဖွဲ့အစည်းများကိုဖိတ်ကြား ကာ မပြေလည်မှုများအား မြေပြင် အခြေအနေတွင် ဖြေရှင်းနိုင်ရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
မယ်ဖားလုံဖောင်ဒေးရှင်းသည် စီမံကိန်းကို ၂ဝ၁၄ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်အထိ မဟာဗျူဟာချမှတ်၍ နည်းဗျူဟာ သုံးခုဖြင့် ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး နည်းဗျူဟာသုံးရပ်အနေဖြင့် ထုတ် လုပ်မှုကင်းစင်ရေး၊ စားသုံးမှုပပျောက် ရေးနှင့် ဖြန့်ဖြူးရောင်းဝယ်မှုပပျောက် ရေးတို့ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ဘိန်း အစားထိုးလုပ်ငန်းကို မြန်မာနိုင်ငံ မူး ယစ်(ဗဟို)၊ UNDOနှ င့် (နတလ)ဝန် ကြီးဌာနတို့ပူးပေါင်း၍ အကောင်အ ထည်ဖော်လျက်ရှိကြောင်း သိရသည်။
စီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ ပိုင်းရှိ မိုင်းဆတ်မြို့နယ်နှင့် တာချီ လိတ်မြို့နယ်အတွင်း ကျေးရွာပေါင်း ၅၆ ရွာရှိ မြေဧက ၆၁၂ဝဝ ပေါ်တွင် အကောင်အထည်ဖော်လျက်ရှိကာ အခြားကျေးရွာအုပ်စု သုံးခုတွင် ထပ် မံတိုးချဲ့၍ အကောင်အထည်ဖော် မည့် အစီအစဉ်များရှိကြောင်း သိရ သည်။
ဘိန်းအစားထိုးနှင့် မူးယစ်ဆေး ဝါးကင်းစင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေသော ကျေးရွာအုပ် စုများမှာ တာချီလိတ်မြို့နယ် လွယ် တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေး ရွာ ၁၂ ရွာ၊ မိုင်းဆတ်မြို့နယ် စတုံးကျေး ရွာအုပ်စုအတွင်းရှိ ခုနစ်ရွာ၊ မိုင်းတွမ်း ကျေးရွာအုပ်စုအတွင်းရှိ ကိုးရွာ၊ တ လန်းကျေးရွာအုပ်စုအတွင်း ၂၈ ရွာ တို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
KM(MMK) - DemocracyToday

မှတ်ချက်များ