အာဇာနည်တွေကို ဂုဏ်ပြုအထိမ်းအမှတ် ဂေါ်ရခါးလူငယ်အဖွဲ့ သွေးလှူ
၆၈ကြိမ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နေပါလီ/ဂေါ်ရခါး လူငယ်အသင်းက ဦးဆောင်ပြီး စုပေါင်းသွေးလှူပွဲကို ဇူလိုင် ၁၈ရက်က ရန်ကုန် အမျိုးသားသွေးလှူဌာနမှာ ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန် ဂေါ်ရခါးလူငယ်အသင်းအနေနဲ့ သွေးလှူမှုကို လွတ်လပ်ရေးနေ့မှာလည်း ပြုလုပ်ခဲ့သလို လူငယ်တွေအတွက် လမ်းကြောင်းမှားမသွားအောင် အားကစား၊ ပညာရေး၊ ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ဖို့ရည်ရွယ်ထားတယ်လို့ ကိုဖိုးတုတ်က ပြောပါတယ်။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အာဇာနည်နေ့ကို မမေ့လျော့အောင် လမ်းပြတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုဖိုးတုတ် (ဥက္ကဌ၊ ဂေါ်ရခါးလူငယ်အဖွဲ့)
သွေးလှူဒါန်းလာတာ ၁၁၄ကြိမ်ရှိပြီဖြစ်တဲ့ ဦးဘသိန်းကတော့ အာဇာနည်နေ့ကို ဂုဏ်ပြုပြီး သွေးလှူရတာ အရမ်းပီတိဖြစ်သလို သူ့ရဲ့ သွေးလှူဒါန်းမှုကို ဆရာဝန်နားခိုင်းမှ ရပ်မယ်လို့ ပြောပါတယ်။
ဦးဘသိန်း (သွေးလှူဒါန်းသူ)
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲမှာ အမြဲတမ်း ရှင်သန်နေမှာဖြစ်ပြီး ဂေါ်ရခါးလူမျိုးတွေဟာလည်း မြန်မာနိုင်ငံအတွက် တစ်ဖက်တစ်လမ်းက ကူညီသွားမယ်လို့ ဂေါ်ရခါးအဖွဲ့ချုပ်ဥက္ကဌ ဦးကျော်လေးက ပြောပါတယ်။
kamayutmedia

မှတ်ချက်များ