ဇနီးနှင့် မယားပါသမီးတို့ကိုသတ်သည့် ဗိုလ်ချုပ်ဟောင်း ထောင်ဒဏ်တစ်သက်အပြစ်ရ



ကြံရွယ်ချက်ဖြင့် လူသတ်မှုကျူး လွန်ခဲ့သည့် ဗိုလ်ချုပ်ဟောင်းကင်မ် မာရင်သာကို ကမ္ဘောဒီးယားတရား ရုံးတစ်ရုံးက ဇူလိုင် ၂၄ ရက်၌ ထောင် ဒဏ်တစ်သက်တစ်ကျွန်း အပြစ်ဒဏ် ချမှတ်လိုက်ကြောင်း တရားသူကြီး ဟင်ကေးဆာရိုဦးဆောင်သည့် တရား သူကြီးအဖွဲ့က ကြေညာသောအပြစ် ဒဏ်စီရင်ချက်အရ သိရ၏။

အသက် ၅၇ နှစ်ရှိ မာရင်သာ သည် GST Express Bus Company ဥက္ကဋ္ဌဖြစ်သည်။ သူသည် ထိုင်း နိုင်ငံတွင် ယမန်နှစ်စက်တင်ဘာလ ၌ ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ ရသည်။ သူသည် သူ၏ဇနီးနှင့်မယား ပါသမီးတို့ကိုသတ်ပြီးကတည်းက ထိုင်းနိုင်ငံသို့ ခုနစ်လကြာထွက်ပြေး နေခဲ့သည်။

မာရင်သာသည် အသက် ၃ဝ ရှိ ဇနီးနှင့် အသက် ၆ နှစ်ရှိ မယား ပါသမီးတို့ကို ဖနွမ်းပင်စီးတီးရှိ သူတို့ ၏အိမ်တွင်သတ်ပြီး အလောင်းများ ကို ပလတ်စတစ်အိတ်များဖြင့်ထည့် ကာ ခသသူနမ ထဲတွင် ဖနွမ်းပင်အနောက် ဘက် ကီလိုမီတာ ၁ဝဝ ကျော်ဝေးသည့် Kampong Speu ပြည်ရှိ ပိခ်ျနီလ် တောင်ကြားသို့သွား၍ စွန့်ပစ်ရန် သူ့သမက်နှင့် သားတို့ကိုခိုင်းလိုက် သည်။

သူ့ဇနီးသည် တခြားအမျိုးသား တစ်ဦးနှင့် ဖောက်ပြန်နေသည်ကို တွေ့ရပြီးနောက် သူ့မိန်းမက သူ့ထံ ကွာရှင်းခွင့်တောင်းခဲ့သည်။ ထိုသို့ ဖြစ်ပြီးနောက် မာရင်သာက သူ့ဇနီး နှင့် မယားပါသမီးတို့ကို သတ်ပစ်လိုက် ခြင်းဖြစ်သည်ဟု ဆင်ဟွာကဖော်ပြ သည်။

မာရင်သာသည် လူသတ်မှုကျူး လွန်ကြောင်း ထင်ရှား၍ အပြစ်ရှိ သည်ကို တွေ့ရသောကြောင့် သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းသာ ပြစ်ဒဏ်စီရင်ချက်ချကြောင်း၊ သူ့ သမက်ကို ထောင်ဒဏ် ၁၈ လ၊ သူ့ သားကို ထောင်ဒဏ် လ ၃ဝ အပြစ် ဒဏ်စီရင်ချက်ချကြောင်း ဇူလိုင် ၂၄ ရက် အပြစ်ဒဏ်စီရင်ချက်အရ သိရ၏။

သူ့သမက်ကို ယမန်နှစ်သြဂုတ် လ၌ ဖမ်းဆီးရမိခဲ့ပြီး သူ့သားမှာမူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ် ကြောင်း သိရသည်။ အသတ်ခံရသူ များ၏ မိသားစုအား အမေရိကန် ဒေါ်လာ ၂ဝဝဝဝဝ လျော်ကြေးပေး ရန်လည်း မာရင်သာကို တရားရုံး က အမိန့်ချလိုက်သည်။

Xinhua

မှတ်ချက်များ