၂၀၁၅ရွေးကောက်ပွဲအတွက် ကျပ်သန်းပေါင်း လေးထောင်အသုံးပြုမည်
၂၀၁၅ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကုန်ကျစရိတ် ကျပ်သန်းပေါင်း လေးထောင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဇူလိုင်၂၂ရက် ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းကပြောသည်။
အဆိုပါ ရွေးကောက်ပွဲ တွင်အသုံးပြုမည့် ကျပ်သန်းလေးထောင်တွင် အခြခံကျောင်းများမှ ခေါ်ယူအသုံးပြု မည့် ဆရာဆ၇ာမများအတွက် လုပ်အားခလည်းပါဝင်ကြောင်းသိရသည်။
သုံးရက် ကိုတစ်ရက်သုံးထောင်နှုန်းနဲ့ရပါမယ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်ကပြောသည်။
အဆိုပါ၂၀၁၅ခုနှစ်နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအတွက် အရံအတားမဲ့လျှောက်လမ်း၊ သို့မဟုတ် မဲရုံသီးသန့်တွင်အကြိုအပို့ စနစ် ကို ပြုလုပ်ပေးသွားရန် စဉ်းစားထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥိးတင်အေးက ပြောကြားထားသည်။
ဆရာဆရာမများအား မဲရုံမှူးဒုမဲရုံမှူးများအနေဖြင့် တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း လေးသောင်း ခုနှစ်ထောင်ကျော်တွင် အချိုးကျ အသုံးပြုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသိ၇သည်။
Education Digest Journal

မှတ်ချက်များ