ခန္ဓာကိုယ်ပေါ်က အလင်းပြန် ပန်းချီကားများ

















John Poppleton လို့ အမည်ရတဲ့ အမေရိကန်မှ အသက် ၄၄ နှစ်အရွယ် ပန်းချီ ဆရာ တစ်ဦးဟာ အများနဲ့ မတူတဲ့ ပန်းချီကားကို ရွေးဆွဲပါတယ်။ ယင်းကတော့ အဝတ်မပါ ကိုယ်ပေါ်မှာ ရေးဆွဲတဲ့ UV paint လို့ခေါ်တဲ့ အလင်းပြန် ပန်းချီရေး ကုန်ကြမ်များကို အသုံးပြုပြီးတော့ ရေးဆွဲပါတယ်။

ယင်းကဲ့သို့ UV အလင်းပြန်ကို ကျနော်တို့ ညဘက်တောင် ကြည့်နိုင်ပါတယ် ဆိုတဲ့ နာရီ လက်တံတွေမှာ သုံးထားတာမျိုးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ယင်း ပန်းချီကားဟာ သာမန် ပန်းချီကားထပ်လည်း ဈေးကြီးပါတယ်။ သူ့ကို အသုံးပြုထားရင် အလင်းအရောင် မရှိတဲ့ အခန်းမှာတောင် လူကနေ အလင်းတွေ ပြန်ထွက်နေပါလိမ့်မယ်။ သုံးတဲ့ ဆေးပမာဏ ပေါ်မှာလည်း မူတည်ပါတယ်။ ပမာဏနဲ့ အချိန်အဆပေါ် မူတည်ပြီး ပန်းချီကား ဖြစ်လာအောင် ဖန်တီးတယ် ဆိုတာ မလွယ်ပါဘူး။

John အနေနဲ့ နယူးယောက်မြို့က မုန်တိုင်း ဆိုတဲ့ အမညတဲ့ မိုးကြိုးပစ်နေတဲ့ ပုံတွေ၊ မိုးရွာနေတဲ့ ပုံတွေကို မြို့က အဆောက်အအုံ များနဲ့ ပေါင်းစည်း ဖန်တီးပြထားပါတယ်။ ပြီးတော့ နဂါးငွေ့တန်း ဂလက်ဆီ တို့ပါ ရေးဆွဲထားပါတယ်။

ယင်းအရာများကို တစ်ချိန်တုန်းက ကွန်ပြူတာနဲ့ပဲ ဖန်တီးနိုင်တယ်လို့ ထင်ကြပေမယ့် လက်တွေ့ ပန်းချီဆွဲနိုင်ကြောင်းကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ