ပေါင် ( ၁ဒသမ ၄) သန်းတန် ဇိမ်ခံကားနဲ့ နေ့လယ်စာ ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှု


တရုတ်နိုင်ငံမှာရှိတဲ့ xiao zhang အမည်ရအမျိုးသားတစ်ဦးဟာ ထူးခြားတဲ့ ၀န်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။ အဲဒါကတော့ ပေါင် ( ၁ဒသမ ၄) သန်းတန် ရိုးရွိုက်စ်ဇိမ်ခံကားနဲ့ နေ့လယ်စာ ပို့ဆောင်ပေးတဲ့ လုပ်ငန်းကို လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ xiao zhang ဟာ တရုတ်နိုင်ငံ၊ အရှေ့ပိုင်း zhejiang ဒေသမှာ နေထိုင်သူဖြစ်ပြီး ထူးခြားတဲ့ ၀န်ဆောင်မှုကြောင့် အဲဒီဒေသမှာ လူပြောအများဆုံးအရာ ဖြစ်သွားခဲ့ပါတယ်။

ရိုးရွိုက်စ်ကားဟာ အာရှဒေသမှာ သူဌေးတွေ စီးနင်းတာဖြစ်ပြီး အထူးသဖြင့် တရုတ်လူမျိုးတွေဟာ ရိုးရွိုက်စ်ကားကို အလွန်နှစ်သက်ပြီး ဒီကားစီးသူကို အထင်ကြီးလေ့ ရှိပါတယ်။ xiao zhang ဟာ ပေါင်သန်းချီတန်တဲ့ကားကို အသုံးပြုပြီး နေ့လယ်စာဖြစ်တဲ့ တစ်ပွဲကို ပေါင် ( ၁ဒသမ ၅၀) သာရှိတဲ့ခေါက်ဆွဲကို လိုက်လံပို့ဆောင်ခြင်း ဖြစ်တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့တာပါ။ အစပိုင်းမှာ နေ့လယ်စာပို့ဆောင်မှု လုပ်ငန်းဟာ သိပ်ကျယ်ပြန့်မှု မရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပေါင်သန်းချီတန်တဲ့ ဇိမ်ခံကားကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာပြီး တစ်နေ့ကို အထုပ်ပေါင်း (၆၀၀) ကျော် ပို့ဆောင်ပေးနေရပြီး ၀င်ငွေကလည်း တစ်နေ့ကို ပေါင် ( ၁၀၀၀) ၀န်းကျင် အထိရှိလာကြောင်း သိရပါတယ်။

xiao zhang ဟာ ဇိမ်ခံကားတွေ ပိုင်ဆိုင်ထားသူဖြစ်ပြီး အစားအသောက် ပို့ဆောင်တဲ့ လုပ်ငန်းအပြင် မင်္ဂလာဆောင်တွေ အတွက်လည်း အဖိုးတန် ဇိမ်ခံကားတွေ ငှားရမ်းပေးတဲ့ ၀န်ဆောင်မှုကိုလည်း ပြုလုပ်ပေးလေ့ရှိပါတယ်။ xiao zhang ရဲ့ဖောက်သည် အများစုဟာ လူငယ်တွေ ဖြစ်ကြပြီး သူတို့ဟာလည်း မိဘတွေရဲ့ ချမ်းသာကြွယ်ဝမှုကြောင့် ဇိမ်ခံကားတွေ စီးနင်း နေသူတွေဖြစ်ပါတယ်။

messenger

မှတ်ချက်များ