NLD ပါတီမှ ထိပ်တန်းပုဂ္ဂိုလ် (၄)ဦး ကျန်းမာရေးကြောင့် ရွေးကောက်ပွဲဝင်မပြိုင်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ထိပ်တန်း ပုဂ္ဂိုလ်လေးဦးမှာ ကျန်းမာရေး အခြေအနေကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်မပြိုင်တော့ဟု NLD ပါတီမှ CEC အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။““ကျန်းမာရေးက အသက်ကြီးပြီ ဆိုတော့ မကောင်းဘူးပေါ့။ ကျွန်တော်တို့ လေးဦးက ရွေးကောက်ပွဲ ၀င်မပြိုင်ဘူး ဆိုတာကလည်း အဓိကက ကျန်းမာရေး အတွက် မပြိုင်တာပါ။ ဒါပေမဲ့ ပါတီ တာဝန်ကိုတော့ လုပ်ဆောင်သွားမယ်”” ဟု ၎င်းကပြောသည်။

အဆိုပါ ရွေးကောက်ပွဲ ၀င်မပြိုင်မည့် ပုဂ္ဂိုလ်လေးဦးမှာ ဦးဝင်းထိန်၊ ဦးအောင်စိုးမြင့်၊ ဦးအုန်းကြိုင်၊ ဦးမြင့်အောင်တို့ ဖြစ်ကြောင်း ဦးဝင်းထိန်ထံမှ သိရသည်။
““၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တဲ့အခါ သက်ဆိုင်ရာ မြို့နယ် အသီးသီးက အဆိုပြုထားတဲ့ သူတွေထဲက အများကို ရွေးချယ်သွားမယ်။ တချို့ကိုတော့ ဗဟိုကနေ ရွေးချယ်မယ်”” ဟု ၎င်းကပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအနေဖြင့် မြို့နယ် အဆင့်မှ တက်ရောက်လာသည့် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများအား စိစစ်နေပြီး မကြာခင် အတည်ပြု ထုတ်ပြန်သွားမည်ဟု သိရသည်။NLD ပါတီသည်၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသား မဟာမိတ် (CRPP) အဖွဲ့ဝင် ခေါင်းဆောင်များ ပြိုင်မည့် နေရာများမှ အပ ကျန်နိုင်ငံအနှံ့ မဲဆန္ဒနယ်ပေါင်း တစ်ထောင်ကျော်တွင် ယှဉ်ပြိုင်ရန် လျာထားပြီး ဖြစ်ကြောင်း သိရသည်။

messenger

မှတ်ချက်များ