သြဂုတ်လဆန်းတွင် ကိုယ်ပိုင်ယာဉ်မှ အငှားယာဉ်အဖြစ်ပြောင်းလဲခြင်း ရပ်ဆိုင်းသွားမည်


သြဂုတ်လ ဆန်းမှ စတင်ကာကိုယ်ပိုင်ယာဉ်များ မှ အငှားယာဉ်အဖြစ်ပြောင်းလဲခြင်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရ သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ယာဉ်ကြောကျပ်တည်း မှုများ လျော့ကျစေရန်အတွက် ရပ် ဆိုင်းခြင်းဖြစ်ပြီး အငှားယာဉ်တင် သွင်းခြင်းကို ရပ်တန့်ခြင်းမဟုတ်ဘဲ နံပါတ်အနက်ဖြင့် ကနဦးမှတ်ပုံတင် ပြုလုပ်ပြီးမှ နံပါတ်အနီ (အငှားယာဉ်) သို့ ပြောင်းခွင့်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှအကြီးတန်း အရာ ရှိတစ်ဦးက ''လမ်းပေါ်မှာ ယာဉ်ကြော ကျပ်တည်းမှု အများဆုံဖြစ်နေတာ က အငှားယာဉ်တွေ အများဆုံးပါ။အငှားယာဉ်တွေ လိုအပ်တာထက် များလာတယ်၊ ဒါကြောင့်ကိုယ်ပိုင် ယာဉ်မှ အငှားယာဉ်သို့ပြောင်းခွင့် ရပ်ဆိုင်းလိုက်တာပါ''ဟု ပြောသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနအနေဖြင့် အငှားယာဉ်များ ကို နှစ်လဲသက်တမ်းတိုးရာတွင်တစ် နှစ်တစ်ကြိမ်သာ နှစ်လဲသက်တမ်းတိုး ရမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အငှားယာဉ်ကနဦး မှတ်ပုံတင်ခြင်းကို ရွာသာကြီးရှိကညန ရုံးတွင် ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိသော်လည်း ကနဦးအငှားယာဉ် ကနဦးမှတ်ပုံတင်ခြင်းကိုသြဂုတ်လ မှစပြီး ထောက်ကြန့်ကညနသို့ပြောင်း ရွှေ့မည်ဖြစ်ကြောင်းသိရသည်။

မေလ ၁ ရက်မှစ၍ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ ကညနဖောင်ြး<ွကနံပါတ်ပြားတပ် ဆင်ပြီးသောကားများကိုသာ ကနဦး ယာဉ်စစ်ဆေးပေးခြင်း၊ ကနဦးမှတ် ပုံတင်ရိုက်ပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ACKK - ဒီမိုကရေစီတူဒေး

မှတ်ချက်များ