ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများအား G to G ဆောင်ရွက်ရာတွင် (၉)ရာခိုင်နှုန်းမှာ MOU စာချုပ် ပျက်ပြယ်နေ


မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းများအား G to G (အစိုးရအချင်းချင်း) ဆောင်ရွက်ရာတွင် လုပ်ငန်းအားလုံး၏ (၉၀) ရာခိုင်နှုန်းမှာ သဘောတူညီမှု (MOU)စာချုပ် ပျက်ပြယ်နေရကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

ထိုကဲ့သို့ ပျက်ပြယ်ရသည့် အကြောင်းအရင်းများ အနက် အစိုးရပိုင်းမှ တာဝန်ယူ ဖြေရှင်းပေးမှု အားနည်းချက်များနှင့် ဈေးနှုန်းများ အပါအ၀င် ဈေးနှုန်းညှိနိုင်းမှု အဆင်မပြေခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

“ပြဿနာရဲ့ အဓိကအကြောင်း အရင်းက နိုင်ငံတော် အစိုးရပိုင်းက တာဝန်ခံဖို့ လိုအပ်နေတာပဲ။ နောက်တစ်ခုက MOU အားလုံးရဲ့ ရာခိုင်နှုန်းအနည်းစုပဲ အောင်မြင်မှုရှိနေတာကို ဘယ်လိုအဖြေရှာမလဲ ဆိုတဲ့ ကိစ္စကို မလုပ်ကြဘူး” ဟု ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာစိုးထွန်း က The Messenger Media သို့ ပြောသည်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အစိုးရ အချင်းချင်းကြာ မိတ်ဆက်ပျက်ရသည့် အခြေအနေများအနက် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရာတွင် လိမ်လည်မှု ဖြစ်ပွားခဲ့ခြင်း၊ တရုတ် နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မြန်မာ လုပ်ငန်းရှင်များ ငွေကြေးဆုံးရှုံးမှု ကြုံတွေ့ရခြင်းတို့ ရှိနေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“အဓိကကဗျာ။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရ အနေနဲ့က ဈေးကွက်ရှာဖွေတဲ့ အပိုင်းလောက်ကိုပဲ လုပ်ပေးနိုင်တာ။ ဈေးနှုန်းညှိနှိုင်းတဲ့ ကိစ္စတွေအတွက် လုပ်ငန်းရှင် အချင်းချင်းကြား ချိတ်ဆက်ပေးတဲ့ နေရာမှာ တာဝန်ခံဖို့ မဖြစ်နိုင်ဘူး” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး၊စီမံကိန်းနှင့် စာရင်းအင်းဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဆိုသည်။

၂၀၁၅ ခုနှစ်ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ စီး/ကူးတာဝန်ရှိသူများက ယခု ဘဏ္ဍာနှစ်အတွက် ပို့ကုန်၊ သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ (၃၀)ကျော် မျှော်မှန်းထားပြီး လက်ရှိတွင် ဘီလီယံ (၂၄) ကျော်ရှိပြီ ဖြစ်ကြောင်း ပြောကြားထားသည်။

The Messager

မှတ်ချက်များ