ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ ကိုယ်စားလှယ်လောင်းလျှောက်ထားကြပြီ


သမ္မတဖြစ်ချင်သည် ဟု ပြောထားသည့်ပါတီကြီးနှစ်ခု၏ ဥက္ကဋ္ဌ များသည် ¤င်းတို့ဝင်ပြိုင်မည့် မဲဆန္ဒနယ် များတွင် ကိုယ်စားလှယ်လောင်း လျှောက်လွှာ များ တင်လိုက်ပြီးဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်ကော့ မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ဇူလိုင် ၂၉ ရက်က လျှောက်လွှာ တင်ခဲ့ခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ လက် ရှိဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖြူးမြို့နယ် မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင် ၃ဝ ရက်က ¤င်းမြို့ကော်မရှင်ထံ လျှောက်လွှာ တင်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာ မည့် ရွေးကောက်ပွဲအလွန်တွင် သမ္မတဖြစ် လိုသည်ဟု ပြောဆိုထားသော်လည်း ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပါ သမ္မတအ ရည်အချင်း
သတ်မှတ်ချက်များကြောင့် သမ္မတ ဖြစ်ရန် အခက်အခဲရှိနေသူ၊ သူကိုယ်တိုင်က ရွေးကောက်ပွဲအလွန်ကာလတွင် အစိုးရအ ဖွဲ့တစ်ရပ်ကို ကောင်းမွန်စွာ ဖွဲ့စည်းနိုင်ကြောင်း ပြောဆိုထားသူလည်း ဖြစ်သည်။

အလားတူ သမ္မတဖြစ်လိုသည် ဟု နှစ်ကြိမ်ထက်မနည်းဘဲ ထုတ်ဖော်ပြော ဆိုထားသည့် သူရဦးရွှေမန်းမှာ ၂ဝ၁ဝ ရွေး ကောက်ပွဲတွင် ဇေယျာသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူဖြစ်ကာ လက်ရှိ ပြည်သူ့လွှတ်တော်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ သူရဦးရွှေမန်းသည် ယခင်စစ် အစိုးရလက်ထက်တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူလည်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ခိုင်ဖြိုးပါတီတို့သည် လာမည့် နိုဝင် ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက် ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မဲဆန္ဒ နယ် အားလုံးနီးပါးတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဟုလည်း ¤င်းပါတီတို့က တရားဝင်ထုတ်ပြန်ထားကြသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် လက်ရှိသမ္မတ ဦးသိန်းစိန်၊ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်အပြိုင် သမ္မတဖြစ်ရန် ရေပန်းစားနေ သူတစ်ဦးလည်း ဖြစ်သည်။

လက်ရှိသမ္မတဦးသိန်းစိန်သည် ဇူလိုင် ၂၉ရက်က နီကီအေးရှားရီဗျူးသတင်း ဌာနနှင့် တွေ့ဆုံရာတွင် နိုင်ငံကိုဦးဆောင် နိုင်သော လူငယ်နှင့်လူလတ်ပိုင်း နည်းပါးနေ သည့်အတွက် သမ္မတဒုတိယသက်တမ်းကို ထပ်မံထမ်းဆောင်လိုသည်ဟု ပြောသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည်လည်း ပျော်ဘွယ်နှင့် ရမည်းသင်းတို့မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ပြိုင်မည်ဟု ဆိုထားပြီး သမ္မတဖြစ်ရန် အလားအလာရှိသည်ဟုလည်း သုံးသပ်ခံထားရသူဖြစ်သည်။

Yangon Media Group

မှတ်ချက်များ