![]() |
| လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဌာန အကြီးအကဲ Yang Dongliang (Credit: Reuters) |
ကွန်မြူနစ်ပါတီ စောင့်ကြည့်ရေး အဖွဲ့လေ့လာတွေ့ရှိချက်တွေအရ ဌာန အကြီးအကဲ မစ္စတာ ရန်ဒေါင်လျန်း ကို ဥပဒေ မလိုက်နာမှု များ အတွက် ရာထူးမှ ထုတ်ပယ် လိုက်တယ်လို့ တရုတ်ပြည်သူပိုင် သတင်း ဌာနမှ ဆိုပါတယ်။
စုံစမ်း စစ်ဆေးမှုတွေကို လွန်ခဲ့တဲ့ တစ်ပါတ်ခန့်က စတင်ခဲ့ပြီး၊ မစ္စတာ ရန်ဒေါင်လျန်းဟာ ကုမ္ပဏီတွေကို လိုင်စင်မဲ့ ဓါတုဗေဒ ကုန်ပစ္စည်းများ သိုလှောင်မှုကို ခွင့်ပြုခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဒါပေမယ့် ထိုပေါက်ကွဲမှုနှင့် ရန်ဒေါင်လျန်း ထုတ်ပယ်မှု ဘယ်လို ဆက်စပ်တယ် ဆိုတာကိုတော့ မပြောကြားခဲ့ပါဘူး။
တီယန်ကျင်း မြို့မှာ ရှိတဲ့ ဓါတုဗေဒ သိုလှောင်ရုံ ပေါက်ကွဲမှုမှာ လူ ၁၃၉ ယောက် သေဆုံးခဲ့ရပြီး ၃၀ ကျော် ပျောက်ဆုံးနေပါသေးတယ်။
ABC Radio Australia

မှတ်ချက်များ