အာရှတိုက်စစ်မှူး ကို ခေါ်ယူရန် စပါးဆွေးနွေး


အင်္ဂလန်ပရီးမီးယားလိဂ် တော့တင်ဟမ်ဟော့စပါးအသင်းက ဘိုင်ယန် လေဗာကူဆင် ရှေ့တန်းတိုက်စစ်မှူး ဆောင်ဟေမင်းကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။

ဝက်စ်ဘရောင်းတိုက်စစ်မှူး ဆီဒို ဘာရာဟီနိုကို ခေါ်ယူဖို့ ကမ်းလှမ်းချက် ငြင်းပယ်ခံရပြီးတဲ့နောက် ပေါင် ၂၂ သန်းနဲ့ ခေါ်ယူဖို့ အဆိုပြုထားတယ်လို့ဆိုပါတယ်။

အသက် ၂၃ နှစ် တောင်ကိုရီးယားလက်ရွေးစင် တိုက်စစ်မှူးက ဘွန်ဒစ်လီဂါ ၆၂ပွဲမှာ ၂၁ ဂိုးသွင်းယူထားပါတယ်။

၂၀၁၃ ခုနှစ်က ဟမ်းဘတ်ကနေ လေဗာကူဆင်ကို ရောက်လာတာ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ