ပါကစ္စတန်ပြည်တွင်းလုပ် ဒရုန်းတိုက်ခိုက်ရေးယာဉ် စစ်သွေးကြွသုံးဦးအား သုတ်သင်


ပါကစ္စတန် ပြည်တွင်းလုပ် ဒရုန်း တိုက်ခိုက်ရေးယာဉ်သည် စစ်သွေးကြွ သုံးဦးထက်မနည်းကို သုတ်သင်ခဲ့ကြောင်း စစ်ဘက်ဆိုင် ရာက စက်တင်ဘာ ၇ ရက်တွင် ပြောခဲ့သည်။

ယခု တီထွင်လိုက်သော ပြည်တွင်းလုပ် ဒရုန်းတိုက်ခိုက်ရေး ယာဉ်သည် လွန်ခဲ့သော ဆယ်စုနှစ် များစွာကြာသောအချိန်ကတည်းက အမေရိကန် ဒရုန်းတို့က အကြမ်း ဖက်စစ်သွေးကြွများကို တိုက်ခိုက်နှိမ် နင်းရာတွင် အခန်းသစ်တစ်ခုအဖြစ် ပူးပေါင်းပါဝင် အားဖြည့်တပ်ဖြန့် မည်ဖြစ်ကြောင်း သိရသည်။

'ဘားရတ်' ဒရုန်းတိုက်ခိုက်ရေး ယာဉ်သည် ရှာဝါတောင်ကြား၌ ပုန်းအောင်းနေသော အကြမ်းဖက် သမားများကို တိုက်ခိုက်ခဲ့သည်။ ယင်းဒေသသည် အာဖဂန်နစ္စတန်နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပြီး စစ်သွေးကြွများ ခြေကုပ်ယူရာ နေရာ ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အာစင် တာတာက ပြောခဲ့သည်။

အစိုးရ တပ်များသည် လူမျိုးစု ခွဲဝေ အုပ်ချုပ်ရာဒေသဖြစ်သော ပါက်ရှ် ယွန်းဒေသ အာဖဂန် နယ်စပ်တစ် လျှောက် မှီတင်းနေထိုင်ကြသည့် ပါကစ္စတန် တာလီဘန်စစ်သွေးကြွများကို ဆန့်ကျင်တိုက်ခိုက်ရေးများ ပြုလုပ်နေကြောင်း သိရသည်။

အစိုးရတပ်များသည် မြေပြင်၊ ဝေဟင်တပ်များ၏ အင်အားကို ရယူ၍ ခုခံကာကွယ်ရေး စစ်ဆင် မှုများကို လွန်ခဲ့သောလမှစ၍ ရှာဝါ တောင်ကြားအထိ တိုးမြှင့်ခဲ့သည်။

အစိုးရက အမေရိကန် ဒရုန်း ယာဉ်များ၏ တိုက်ခိုက်မှုသည် နိုင်ငံ ၏ အချုပ်အခြာအာဏာကို ထိပါး ကြောင်း ကြေညာခဲ့သော်လည်း အဆိုပါ အမေရိကန် ဒရုန်းတိုက်ခိုက် မှုများကို တိတ်တဆိတ် ခွင့်ပြုပေး လျက်ရှိကြောင်း သိရသည်။

၂ဝဝ၄ ခုနှစ်ကတည်းက ပါကစ္စ တန်တွင် အမေရိကန် ဒရုန်းတိုက် ခိုက်မှုများကြောင့် လူပေါင်း ၂၄ဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ပါကစ္စတန်သည် 'ဘားရတ်' ဒရုန်းတိုက်ခိုက်ရေး ယာဉ်များကို မတ်လကတည်းက အောင်မြင်စွာ စမ်းသပ်ခဲ့ပြီး အကြမ်းဖက်ဆန့်ကျင် တိုက်ခိုက်ရေးလှုပ်ရှားမှုများ၌ အသုံး ပြုရန် ရည်ရွယ်လျက်ရှိကြောင်း သိရ သည်။

Myanmaalinn

မှတ်ချက်များ