နိုင်ငံခြားသားတွေကို ဆွဲဆောင်မယ့် တိုကျိုက ဂေါ်ဇီလာ ပုံစံ သဲပန်းပု ရုပ်


ဂေါ်ဇီလာ ဆိုတာဟာ ဂျပန်နိုင်ငံ ရဲ့ နာမည်မကြီးတဲ့ စိတ်ကူးယဉ်ဆန်ဆန် နိုင်ငံသားပါပဲ။ ဒါပေမယ့် သင်ဒီလို ဂေါ်ဇီလာ မျိုးတော့ မြင်ဖူးမှာ မဟုတ်ပါဘူး။

တိုကျိုမှာရှိတဲ့ Shinjuku Chuo ဆိုတဲ့ ပန်းခြံထဲမှာ တည်ဆောက်ထားတဲ့ ဂေါ်ဇီလာ ပုံစံ သဲပန်းပု ရုပ်ထု ကတော့ ထို ဧရိယာ တစ်ဝိုက်ကို နိုင်ငံခြားသား တွေ ရောက်လာအောင် ဆွဲဆောင်နိုင်တော့မှာပါ။

၃ မီတာ အမြင့်ရှိတဲ့ ပန်းပု ရုပ် ကိုတည်ဆောက်ဖို့ သဲ တန် ၅၀ ကိုအသုံးပြုခဲ့ရပြီး ထို ပန်းပု ရုပ်နဲ့အတူ တိုကျို အစိုးရ ရဲ့ အဆောက်အဦးပုံစံ ကို ပါ ပန်းပု ရုပ်အသွင် ထည့်သွင်းတည်ဆောက်ထားပါတယ်။

အဲဒီလို တိုကျို အစိုးရ အဆောက်အဦး ပုံစံ ကို ထည့်သွင်းတည်ဆောက်ထားတဲ့အကြောင်း အရင်းကတော့ Gojira လို့ခေါ်တဲ့ မကောင်းဆိုးဝါး အကြီးစားကြီး သူ့ရဲ့ မိခင် နိုင်ငံမှာ ရှိနေတဲ့ ဆိုတဲ့ သဘောကိုဆောင် တယ်လို့လည်း သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့အထိ ပြသထားမယ့် ထို သဲ ပန်းပု ရုပ် ဟာ ဂျပန် နိုင်ငံရဲ့ နိုင်ငံခြား ခရီးသွား သံတမန် သဖွယ် ဖြစ်လာပါတော့တယ်။

ဂျပန် လူမျိုးတွေဟာ ဂေါ်ဇီလာ ကို တစ်ကယ်ချစ်မြတ်နိုးကြသူတွေ ဖြစ်ပြီး ဂျပန်နိုင်ငံမှာ ဂေါ်ဇီလာ တွေကို ဂုဏ်ပြုထားတဲ့ ဟိုတယ်တစ်ခုလည်း ရှိတယ်လို့ သိရပါတယ်။

Mario - သစ်ထူးလွင်
Ref : Mirror

မှတ်ချက်များ