![]() |
| ထိန်းသိမ်းထားရှိသော မင်းဘူးနဂါးပွက်တောင်မြင်ကွင်း။ ဓာတ်ပုံ-မကွေးလှမြင့် |
''ကမ္ဘာလှည့်ခရီးသည်တွေက သာမန်အချိန်ဆိုရင် တစ်လ ၅ဝကျော် လာတယ်။ မကွေးကို သင်္ဘောနဲ့လာ ပြီး ညအိပ်၊ နောက်တစ်နေ့ ဒီကိုလာ တယ်။ တချို့လဲ စက်ဘီးတွေနဲ့လာ တယ်။ ရွှေစက်တော်ပွဲတော်ချိန်ဆိုရင် နေ့တိုင်း ဝင်ထွက်သွားလာကြတယ်။ ကျွန်တော်တို့က နိုင်ငံခြားသားတွေအ တွက် အခကြေးငွေမသတ်မှတ်ဘူး။ အခမဲ့လေ့လာနိုင်တယ်။ သန့်စင်ခန်း တွေလဲ အခမဲ့အသုံးပြုခွင့်ထားတယ်။ ပြည်တွင်းဧည့်သည်တွေကတော့ ပွဲ တော်ချိန်မှာ တစ်နေ့မှန်လုံကား ၁၅ စီး၊ အစီး ၂ဝ အထိ အဝင်အထွက်ရှိ တယ်။ နားခိုဆောင်သုံးခုရှိတယ်။ အ ခမဲ့ ညအိပ်နိုင်တယ်။ အခမဲ့ ဗီဒီယို ရိုက်နိုင်တယ်။ ဓာတ်ပုံရိုက်နိုင်တယ်။ မင်းဘူးမှာ ရေကြီးရေလျှံဖြစ်တော့ နဂါးပွက်တောင်ကို သီးသန့်လာသူ တွေ နည်းသွားတယ်။ ဒါပေမဲ့ ရေဘေး သင့်ပြည်သူတွေဆီ လာလှူတဲ့အလှူ ရှင်ကားတွေ လမ်းကြုံလို့ဝင်ရောက် လေ့လာကြတဲ့အတွက် ပွဲတော်တစ်ခု လို စည်ကားသွားတယ်''ဟု ဦးစိန် တင်က ပြောသည်။
အဆိုပါ နဂါးပွက်တောင်ဒေသ သည် အကျယ် ၁၅ဧကရှိပြီး အကြီး ဆုံးတောင်တစ်တောင်သည် အမြင့် ၆၅ ပေ၊ ထိပ်အကျယ် ၁၅ပေပတ်လည်ရှိ ကာ အခြားတောင်ငယ်ပေါင်း ၁၅ခု ရှိသည်။ အကြီးဆုံးတောင်၏ ထိပ်ဝမှ အကြီးဆုံးချော်ပွက်မှာ ငါးပေအချင်း အထိရှိခဲ့ဖူးသည်။ ထိုဒေသ၌ ကန္တာရ ပင်များသာ ပေါက်ပြီး အခြားအပင် များ စိုက်ပျိုး၍မရဟုဆိုသည်။
''ဘိလပ်မြေထဲကို နဂါးပွက်တောင် ကထွက်တဲ့ ချော်မှုန့်တွေရောပြီးရောင်း တယ်ဆိုတဲ့ ကောလာဟလ သတင်း တစ်ခု လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ကျော် ကထွက်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောချင်တာက ကျွန်တော်တို့အဖွဲ့ ဟာ နဂါးပွက်တောင်က မြေကြီးကို ထိန်းသိမ်းထားတယ်။ ဘယ်သူမှယူ လို့မရဘူး။ သယ်လို့လဲမရဘူး။ ဘေး ပတ်ဝန်းကျင်ကလဲ စောင့်ကြည့်နေ တယ်။ တက္ကသိုလ်များဘူမိဗေဒဌာန က စမ်းသပ်ချင်လို့ တောင်းတဲ့အခါ စာနဲ့ပေနဲ့တောင်းတယ်။ ကျွန်တော် တို့က မြို့နယ်အုပ်ချုပ်ရေးမှူးထံက ခွင့်ပြုချက်ရမှပေးတယ်''ဟု နဂါးပွက် တောင်စိမ်းလန်းစိုပြည်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကပြောသည်။
''တချို့ကဘာသာရေးယုံကြည် မှုအရ ဒေသခံတွေဟာရှင်ပြု၊ နားသ မင်္ဂလာ၊ ကားအရောင်းအဝယ်ပစ္စည်း အရောင်းအဝယ်တွေမှာ နတ်ပြကြ တယ်။ ပြည်နယ်တွေကလဲ လာပြီး ကန်တော့ပွဲ ပေးကြတယ်''ဟု¤င်းက ပြောသည်။
နဂါးပွက်တောင် စိမ်းလန်းစို ပြည်ရေးအဖွဲ့ကို ခုနစ်ဦးဖြင့်ဖွဲ့စည်း ထားပြီး သက်တမ်းအားဖြင့် ၁၇နှစ် ရှိသော်လည်း လခမယူဘဲစေတနာ့ ဝန်ထမ်းသက်သက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်သည်ဟုဆိုသည်။ တစ်ချိန်က နေပူပူကွင်းခေါင်ခေါင်ဖြစ်ခဲ့သော နဂါး ပွက်တောင်ဒေသသည် ယခုအခါအုတ် နံရံများ၊ မုခ်ဦးများ၊ ခရီးသည်များအ တွက် အခမဲ့နားနေဆောင်များ၊ သန့် စင်ခန်းများ၊ ကားပါကင်များ၊ ဈေး ဆိုင်များနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မကွေးလှမြင့် - Yangon Media Group



မှတ်ချက်များ