အနားယူပြီး Justin Bieber နဲ့အတူ ဘိုရာဘိုရာကျွန်းမှာ အပျော်ခရီးထွက်နေတဲ့ Floyd Mayweather
Floyd Mayweather ဟာ လက်ဝှေ့လောကကနေ အနားယူသွားပြီမို့ သူ့အကြောင်းကျွန်တော်တို့ သိပ်မကြားရ တော့တာဖြစ်နိုင်ပါတယ်။ သူက စိတ်ကုန်သွားပုံရပြီး၊ ပွဲခင်းရဲ့မီးရောင်တွေအောက်က ဝေးရာမှာ လုပ်နိုင်တာလေးတွေလုပ် လုပ် လုပ်။ အဲလေ ဘယ်သူ့ကိုများသွားနောက်နေမိပါလိမ့်။ Mayweather တကယ်ပဲအနားယူသွားတယ်ဆိုတာ ရာနှုန်းပြည့် သိပ်တော့မသေချာပါဘူး။ အနားယူသွားခဲ့တယ်ဆိုရင်တောင် ဘယ်မှသွားနေမှာမဟုတ်ပါဘူးလေ။ ဒီလူကြီးက ပွဲခင်းရဲ့နောက်ကွယ်မှာ နေဖို့ မွေးဖွားလာတဲ့သူမှမဟုတ်တာ။
ဒီတစ်ပတ် Mayweather ဘယ်သွားတယ်ဆိုတာကို ကြည့်ကြည့်ရအောင်။ အမေရိကမှာ ကျန်တဲ့ ကျွန်တော်တို့တွေက နွေရာသီရောက်ပြီဟေ့လို့ ပြောဖို့ကြိုးစားနေကြတုန်းမှာ Mayweather ကတော့ ဘိုရာဘိုရာကျွန်းမှာ အနားယူဘ၀နဲ့ ပျော်မွေ့လို့နေပါတယ်။ သူတစ်ယောက်တည်းလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် ကာဗာစတား Justin Bieber ကိုခေါ်ဆောင်လို့သွားခဲ့ပါတယ်။ Mayweather မုန်းသူတွေ ရူးနေတာတွေရပ်လိုက်ဖို့လိုပြီလို့ ကျွန်တော်တို့ကို ပြောခဲ့တဲ့တစ်ယောက်ပေါ့။
လက်ဖက်ရည်အတူတူထိုင်သောက်ခဲ့ကြရုံသာမက၊ Mayweather ရဲ့ “တော်ဝင်ရေအောက်ရိပ်သာ” မှာ ဒိုင်ဗင်အတူတူထိုးခဲ့ကြပါသေးတယ်။ သူ့မှာပိုက်ဆံတွေ ဘယ်လောက်ရှိတယ်ဆိုတဲ့ အကြောင်း အရေမရ၊ အဖတ်မရတွေ Mayweather ကပြောခဲ့ပါသေးတယ်။ ဟုတ်ပါတယ်၊ သူသာမလုပ်ခဲ့ရင် သူဟာ Floyd Mayweather ရယ်လို့ဖြစ်လာမှာမှ မဟုတ်တာ။
Skyler - သစ်ထူးလွင်
Ref:Complex

မှတ်ချက်များ