ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသန်းရွှေရဲ့ မြေးဖြစ်သူဖိုးလပြည့်တို့တွေ့ဆုံ

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရာထူးကနေ အငြိမ်းစား ယူထားပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီး ဟောင်း ဦးသန်းရွှေရဲ့ မြေး ဖြစ်သူ ကို နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်တို့ တွေ့ ဆုံခဲ့ကြတဲ့ ဖြစ်ရပ် ဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်နဲ့ အကြား ဆက်ဆံရေး တိုးမြင့် ခိုင်မာအောင် တည်ဆောက်တဲ့ လုပ်ရပ် အနေနဲ့ သုံးသပ် နေကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေပြည်တော် က နေအိမ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် ကြာသာပတေး နေ့ ညနေ ၇ နာရီ ကျော် အချိန်မှာ တွေ့ဆုံ ခဲ့ကြတာ ဖြစ်တယ်လို့ နှစ်ဘက် သတင်းရပ်ကွက် ကနေ ဘီဘီစီကို အတည်ပြု ပါ
တယ်။

ဒါပေမယ့် ဘာတွေ ပြောဆို ခဲ့ကြ သလဲ ဆိုတာ ကိုတော့ ဘယ်ဘက်ကမှ ထုတ်ပြန် မပေးပါဘူး။

NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရရှိ ထားပေမယ့် စစ်တပ်နဲ့ကြား ဆက်ဆံရေး တိုးမြင့် ကောင်းမွန်မှလည်း မြန်မာ့ နိုင်ငံရေးရဲ့ အာဏာ အပြောင်းအလဲ ဟာ ချောမွေ့ ညင်သာမှု ရှိမှာ ဖြစ်တယ် လို့ ရန်ကုန် က ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာ က ပြောပါတယ်။

BBC Burmese

မှတ်ချက်များ