![]() |
| အောက်တိုဘာ ၁၂ ရက်နေ့က လှေစီးဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၃ ဦးကို ပြန်ပို့စဉ်။ (ဓာတ်ပုံ - အမ်အိုအိုင်) |
“ဒီနေ့ပြန်ပို့တာ ၄၈ ယောက်လို့ သိရတယ်။ လူကြီးတွေက အဲဒီကိုသွားတာ ပြန်မလာသေးဘူး။ လူကြီးတွေက အကုန်လုံး တောင်ပြိုသွားကြပါတယ်” လို့ မောင်တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး တာဝန်ကျအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလက ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ် ၂၀၀ လိုက်ပါလာတဲ့ လူမှောင်ခို လှေတစီးနဲ့ ဧရာဝတီတိုင်း ဖျာပုံမှာ ဘင်္ဂါလီ ၇၀၀ ကျော်ပါ လှေတစီး ဖမ်းမိခဲ့တာဖြစ်ပြီး ဇူလိုင်လမှာတော့ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ရှိ စောင်းကောက်ကျွန်းမှာ ဘင်္ဂါလီ ၁၀၂ ဦးကို တပ်မတော်ရေက ဖမ်းဆီးမိခဲ့တာပါ။
အဆိုပါ ထိန်းသိမ်းထားသူတွေကို အသုတ်လိုက်ခွဲ နေရပ်ပြန်ပို့ပေးနေတာမှာ အခုတကြိမ်ဟာ ၇ ကြိမ်မြောက် လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၇၇၇ ဦးရှိပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လက်ကျန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၇ ဦး ရှိခဲ့ပြီး အဲဒီထဲက ၄၈ ဦးကို ဒီကနေ့ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
DVB

မှတ်ချက်များ