ဆီးရီးယားတစ်ခွင် အသားစားရောဂါပိုးများ ပျံ့နှံ့နေမှု ISIS တွင်တာဝန်ရှိ

Hands of 59-year-old Abdul Razaq, a Kabul resident, affected by a form of leishmanisis
ဆီးရီးယားနိုင်ငံ အနှံ့တွင် အသားစားရောဂါပိုးများ ပျံ့နှံ့နေမှုအတွက် ISIS မှာ တာဝန်ရှိကြောင်း Kurdish Red Crescent လူသားချင်းစာနာရေး အဖွဲ့အစည်းကနေ ပြောကြားခဲ့ပါတယ်။

Leishmaniasis လို့ခေါ်တဲ့ အရေပြားနဲ့အတွင်းကလီစာရောဂါဖြစ်ပွားမှု ၅၀၀ ကျော်ရှိကြောင်းနဲ့ ဆီးရီးယားမှာ ဒီရောဂါတွေဖြစ်တာ ၁နှစ်ခန့်ရှိပြီဖြစ်ကြောင်း လူ့အခွင့်အရေးလုပ်သားတွေက ပြောပါတယ်။

ISIS တွေဟာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပြီး ကောက်ပဲသီးနှံတွေကို ဖြတ်စီးခဲ့တဲ့ စက်ဆုပ်ဖွယ် လုပ်ရပ်တွေရဲ့ ရလဒ်တွေအနေနဲ့ Leishmaniasis ရောဂါဟာ အလျင်အမြန် ပျံ့နှံ့သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခါးသီးဖွယ် ပြည်တွင်းစစ်ရဲ့ ရလဒ်အနေနဲ့ ဆီးရီးယားနိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုဟာ ယိုယွင်းပျက်စီးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကနေ အပြစ်တင်ထားပါတယ်။

"ကွ်ျတော်တို့မှာ ဒီသေစေနိုင်လောက်တဲ့ရောဂါနဲ့ပတ်သက်ပြီး ဗဟုသုတမရှိခဲ့ကြဘူး။ စစ်မြေပြင်မှာ ၄နှစ်တာနီးပါး ကျွန်တော်တို့ တိုက်ခိုက်နေခဲ့ရတာ။ ပြီးတော့ ဒီရောဂါက စစ်တိုက်ခဲ့တဲ့နေရာတွေဖြစ်တဲ့ Tal Hamis, Hon နဲ့ Qosa တို့ကနေ ထွက်ပေါ်လာတာ။" လို့ ဆီးရီးယားနိုင်ငံသား ကားဒရှ်တိုက်ခိုက်ရေးသမားတစ်ဦးကနေ ပြောခဲ့ပါတယ်။

ဆီးရီးယားမှာဖြစ်နေတဲ့ ပြည်တွင်းစစ်က ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေ ပျက်ယွင်းမှုနဲ့အတူ နိုင်ငံရဲ့ ကျန်းမာရေးအပေါ် ဆိုးဆိုးရွင်္ားရွား ထိခိုက်မှု ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတိပေးခဲ့ပါတယ်။ ဆီးရီးယားမှာရှိတဲ့ ဆေးရုံတွေအားလုံးရဲ့ ၅၈ရာခိုင်နှုန်းဟာ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ တစ်ခုလုံးသော်လည်းကော်ငး ဖျက်စီးခံလိုက်ရတယ်လို့ သိရပါတယ်။

Skyler - သစ်ထူးလွင်
Ref: Daily Mail

မှတ်ချက်များ