TV ပဲ ထိုင်ကြည့်နေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းက ဦးနှောက်အတွက် အန္တရာယ်ဖြစ်နိုင်
TV ပဲ ထိုင်ကြည့်နေရင် ဦးနှောက်ပျက်သွားလိမ့်မယ်လို့ ပြောလေ့ရှိကြပါတယ်။ တွေ့ရှိချက်အသစ်ရ ဒါဟာဖြစ်နိုင်ပါသတဲ့။
University of California San Francisco မှ သုတေသီတွေအဆိုအရ လူပျိအပျိုဖြစ်ခါစမှာ တစ်နေ့ကို TV ၃နာရီထက် ပိုကြည့်တာဟာ သက်လတ်ပိုင်းရောက်တဲ့အခါ ပိုမိုဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကိုယ်လက်လေ့ကျင့်ခန်းမရှိဘဲ TV ပဲ ထိုင်ကြည့်နေတာဟာ ပိုမိုဆိုးဝါးတဲ့ ရလဒ်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ်လက်လှုပ်ရှားမှုဟာ ဦးနှောက် ကျန်းမာရေးနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို ထိန်းသိမ်းရာမှာ အရေးပါတာကြောင့် ဒီတွေ့ရှိချက်က အရမ်းတော့ ထူးဆန်းမနေဘူးလို့လည်း ဆိုပါတယ်။
ရုပ်သံဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေကို တစ်ချိန်လုံး ထိုင်ကြည့်နေသူတွေများလာတာကြောင့် သုတေသီတွေက ဆယ်စုနှစ်အတော်များများကြာ၂၅ နှစ်အရွယ်ရှိသူတွေရဲ့ ဦးနှောက်တွေကို လေ့လာစမ်းသပ်ခဲ့ပြီး သိရှိရတာဖြစ်ပါတယ်။
သုံးနာရီထက်ကြာအောင် TV ထိုင်ကြည့်သူတွေမှာ ဦးနှောက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကျဆင်း နေတာကို တွေ့ရပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေမှာလည်း စွမ်းဆောင်ရည်ကျဆင်းနေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။TV လည်းကြည့် ကိုယ်လက်လှုပ်ရှားမှုလည်း မရှိသူတွေမှာတော့ ဦးနှောက်စွမ်းဆောင်ရည်ဟာ နှစ်ဆနီးပါး ကျဆင်းနေတယ်လို့ဆိုပါတယ်။
Michelle - သစ်ထူးလွင်
Ref : Upi

မှတ်ချက်များ