အသားကြိုက်သူ သတိမူ


"Be kind to animals by not eat-ing them" ဟူသောဆိုင်းဘုတ် များ မန္တလေးမြို့ ကျုံးထောင့်နှင့် လမ်းမကြီး တွေအတော်များများ လမ်းဘေးတွင် ဆိုင်း ဘုတ်ထောင်ထားသည်ကို တွေ့ရသည်။ ၁၉၅၄ ခုနှစ်က မန္တလေးမြို့ အထူးအခြေခံ ဆေးသင်တန်းတက်ရန် စတင်သွားရောက် စဉ်က ဤသို့တွေ့ခဲ့ခြင်းဖြစ်သည်။

အစိုးရကထောင်သောဆိုင်းဘုတ် များလား၊ ဗုဒ္ဓဘာသာဝိုင်အမ်ဘီအေအသင်း ကလားဟု သိလို၍မေးခဲ့သည်။ ခရစ်ယာန် အသင်းက ထောင်သည်ဟုသာ သိရသည်။ မည်မည်ရရမသိ။ ငယ်ရွယ်နုပျိုစဉ်ကဖြစ် ၍ စပ်စပ်စုစုရှိသော်လည်း ကျကျနနမစုံစမ်း တတ်။ ''တိရစ္ဆာန်များကို ကြင်နာသောအား ဖြင့် မစားကြပါနှင့်''ဟု နှိုးဆော်သည့်အသင်း သည် တည်ထောင်ခဲ့သည်မှာ ကြာလှပြီဖြစ် ၍ အနောက်တိုင်းက ဆင်းသက်လာသည် ဟုသာ သိရသည်။

သာမန်အားဖြင့် အနောက်တိုင်း သားများသည် သက်သတ်လွတ်စားသူနည်း ပါးသည်။ တိရစ္ဆာန်ကြင်နာရေးအသင်းများတကူးတကတည်ထောင်၍ သက်သတ်လွတ် စားကြသည်။ အရှေ့တိုင်းမှမဟာယာနဘုန်း ကြီးကျောင်းနှင့်သီလရှင်ကျောင်းများ သက် သတ်လွတ်စားသည့်ဓလေ့ အများကြီးရှိ သည်။ ထေရဝါဒဗုဒ္ဓဘာသာများမူကား ဘုန်း တော်ကြီးနှင့်သီလရှင်အများအပြား သက် သတ်လွတ်စားကြသည်။ အများပြည်သူတို့ တွင်လည်း သက်သတ်လွတ်စားသူများရှိ သည်။ အတော်များများက မွေးနေ့တိုင်းတွင် သက်သတ်လွတ်စားသည်။ တချို့က ဝါတွင်း တွင် သက်သတ်လွတ်စားသည်။ တချို့က အခါကြီးရက်ကြီးများတွင် သက်သတ်လွတ် စားသည်။ တချို့က သက်သတ်လွတ်မစား သော်လည်း ခြေလေးချောင်းအသားကို ရှောင် သည်။ တချို့က သားကြီးငါးကြီးမစားဘဲ ရှောင်သည်။

ဤသို့ အသားမစားရခြင်းတွင် အကြောင်းမျိုးစုံရှိသည်။ တချို့က မိရိုးဖလာ သက်သတ်လွတ်စားကြသည်။ တချို့က သက် သတ်လွတ်စားလျှင် ကုသိုလ်ရသည်ဟုယူဆ ၍ စားသည်။ တချို့က ကျန်းမာရေးအရ သက်သတ်လွတ်စားသည်။ ဗုဒ္ဓဘာသာဝင် များသည် ငါးပါးသီလ၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ် ပါးသီလခံယူလေ့ရှိရာ သီလခံယူလျှင် သက် သတ်လွတ်စားကြသည်။ သားငါးမစားခြင်း ဖြင့် ပါဏာတိပါတာ သူ့အသက်သတ်ခြင်း ကို ရှောင်ကြဉ်ရာရောက်သည်ဟု ယုံကြည် ကြသည်။

သတ္တုချကြည့်သော် ဗုဒ္ဓဘာသာ ဝင်တို့သည် အကုသိုလ်မဖြစ်ချင်၍ သက် သတ်လွတ်စားခြင်း၊ ကုသိုလ်ဖြစ်ချင်၍ သက် သတ်လွတ်စားခြင်း၊ တိရစ္ဆာန်များကို သနား ကြင်နာ၍ အသားငါးမစားခြင်း၊ မေတ္တာ စိတ်ထား၍ သားငါးမစားခြင်းတို့ဖြစ်သည်။

ရဟန်းသံဃာနှင့် ဆရာတော် ကြီးတချို့ကို သက်သတ်လွတ်စားခြင်းဖြင့် ကုသိုလ်ရမရ လျှောက်ထားသူများရှိသည်။ ဘုန်းတော်ကြီးများက တရားဓမ္မဖြင့်ဖြေကြား ရာတွင် ဘာပဲစားစား စားသောသူ စားသော အချိန်တွင် အစားအသောက်အပေါ် ရမက် ထား၍ အရသာခံစားပါက ကိလေသာစိတ် ကြောင့် ကုသိုလ်မရဘဲ အကုသိုလ်ဖြစ်သည် ဟု ဆိုသည်။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော် တိုင် သက်သတ်လွတ် ဘုဉ်းပေးလေ့မရှိ။ အစားအသောက်အပေါ် မက်မောစိတ်မရှိ၊ အာဟာရအလို့ငှာ ကပ်လာသမျှ အစားအ သောက်ကို သားငါး၊ ဟင်းသီးဟင်းရွက်ဟူ၍ ခွဲခြားတွေးတောခြင်းမရှိဘဲ ဘုဉ်းပေးသမှု ပြုသည်။

ဗုဒ္ဓမြတ်စွာဘုရားနှင့်သံဃာတော် များသည် ပစ္စည်းလေးပါးကိုသုံးဆောင်ရာ တွင် နှလုံးသွင်းမှုပြုသော ပစ္စဝေက္ခဏာဆင် ခြင်ခြင်းဖြင့် ဘုဉ်းပေးသည်။

ထိုပစ္စဝေက္ခဏာဆင်ခြင်ခြင်း ကို မြန်မာလိုဆိုရသော် ''ဤသည့်စားဖွယ် အမည်မည်ကို မြူးရယ်ဟန်ြ<ွက လှပရည် ချင်း ပြည့်ဖြိုးခြင်းငှာ သုံးဆောင်အပ်သည် မဟုတ်ပါ။ နိစ္စဿ၊ နိဇ္ဇီဝ၊ အဗျာကတ၊ သု ညဓာတ်ရုပ်အစစ် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုညဖြစ်သော ဤကိုယ်ခန္ဓာ အတွင်း အပြင် ရောဂါဘေးဘယာကင်းကွာ၍ ချမ်း သာကျန်းမာအသက်ရှည်ကြာစွာ တည်နေ လျက် စာပေကျမ်းဂန် သင်အံလေ့လာနိုင် ခြင်း သမထဝိပဿနာတရားတော်များကို ပွားများအားထုတ်နိုင်ခြင်းအကျိုးငှာ သုံး ဆောင်မှီဝဲပါသတည်း''

သာမန်လူများကမူ စားတိုင်း သောက်တိုင်း ဤသို့ဆင်ခြင်နိုင်မည်မဟုတ်။ အများစုက အသားငါးတို့ကို ကြိုက်နှစ်သက် ၍ အရသာခံပြီး စားကြသည်။ အမှန်စင် စစ် လူတို့အရသာရှိအောင် အမျိုးစုံလုပ်၍ စားကြသောသားငါးများသည် သက်ရှိသတ္တ ဝါကြီးငယ်တို့၏အသက်ကိုသတ်ဖြတ်ပြီး မှသာ စားသောက်ရသည်ကို အများစုက အမှုမဲ့ထား၍ မြိန်ရည်ရှက်ရည် အားပါးတရ စားနေကြသည်။

ထိုအသားထိုငါးများကို စားကြ ဝါးကြရန်အတွက် ကြိုတင်စိတ်ကူးပြီး တကူး တကမွေးမြူပြီးမှ သတ်ကြစားကြခြင်းဖြစ်ရာ နှစ်လိုစွာတမ်းတပြီး ဝယ်ယူစားသောက်သူ များအနေဖြင့် မပြေးသော် ကန်ရာရှိ ပါဏာ တိပါတာ သူ့အသက်သတ်ခြင်းမြောက်သည် ဟု ဆိုနိုင်သည်။ သူတော်စင်ရဟန်းသံဃာ များလို ပစ္စဝေက္ခဏာ ဆင်ခြင်ခြင်းမရှိပါက သားစားကြူးသောလူများ တိရစ္ဆာန်များကို သတ်ရာ ရောက်နိုင်သည်။

ဤသို့ဆိုရခြင်းမှာ တရားသဘော အရ သူတစ်ပါးအသက်ကိုသတ်ရာ၌ အင်္ဂါ အားဖြင့်ငါးပါး၊ ပယောဂအားဖြင့် ခြောက် ပါးတွင် ဤနှစ်ပါးတစ်ပါးပါးဖြင့်သတ်လျှင် ကမ္မပထမြောက်သည်ဆို၏။

အင်္ဂါငါးပါး 

(၁)သတ္တဝါဖြစ်ခြင်း၊ (၂) သတ္တဝါဟူ၍သိခြင်း၊ (၃) သတ်လိုသော စိတ်ရှိခြင်း၊ (၄) သတ်ကြောင်းလုံ့လပြုခြင်း၊ (၅) ထိုလုံ့လဖြင့် သတ္တဝါသေခြင်း။

ပယောဂခြောက်ပါး 

(၁) ကိုယ် တိုင်သတ်ခြင်း၊ (၂) သူတစ်ပါးကိုသတ်ခိုင်း ခြင်း၊ (၃) လေးစသောလက်နက်တို့ဖြင့် ပစ် ခတ်သတ်ဖြတ်ခြင်း၊ (၄) တွင်း၊ ကျင်းစသည် တူး၍ ထည့်ပြီးသတ်ခြင်း၊ (၅) အင်း၊ အိုင်၊ ကျိန်စာ၊ ကျိန်ဆဲခြင်း စသောလောကီပညာ ဖြင့်သတ်ခြင်း၊ (၆) တန်ခိုးဖြင့်သတ်ခြင်း။

လူတို့သည် သားငါးများကိုစား သုံးရန် ငွေကြေးဖြင့်ဝယ်ယူကြသည်။ ထိုအ ခါ ရောင်းချသူများက ငွေများများရရှိစေရန် များစွာ မွေးမြူဖမ်းဆီးကြသည်။ စီးပွားဖြစ် တိရစ္ဆာန်များမွေးမြူပြီး သတ်ဖြတ်ရောင်းချ ကြသည်။ ဤသို့အားဖြင့် ကမ္ဘာပေါ်တွင် လူတို့စားရန် တိရစ္ဆာန်များမွေးမြူသတ်ဖြတ် သည့်လုပ်ငန်းသည် အလွန်ကြီးကျယ်များ ပြားလှသည်။

၂ဝ၁၁ ခုနှစ်က စာရင်းအရ လူ တို့စားသုံးရန်မွေးမြူသော ကြက်အကောင် ရေသည် ၁၉ ဘီလီယံကြီးများပင်ရှိရာ ထို နှစ်က လူဦးရေ၏ သုံးဆနီးပါးများလေသည်။ နွားနှင့်ဆိတ်က ၁ဒသမ၄ ဘီလီယံကောင် ရေနှင့် သိုးနှင့်ဝက်က တစ်ဘီလီယံရှိသည်။ တစ်နှစ်တစ်နှစ် ကမ္ဘာ့လူသားများ မညှာမ တာ စားပစ်သည်မှာ ဤမျှမွေးမြူခဲ့ကြောင်း ကြောက်မက်ဖွယ်၊ စိတ်မကောင်းဖွယ်၊ သ နားစဖွယ် တွေ့ရသည်။

လူတစ်ဦးလျှင် အသားမည်မျှ စားခဲ့သည်ကို ၂ဝ၁၂ခုနှစ်စာရင်းအရဆို ပါက အမဲသားကို အာဂျင်တီးနားနိုင်ငံသား က တစ်နှစ်လျှင် တစ်ဦး ၅၅ ကီလိုဂရမ်စား သည်။ နယူးဇီလန်သားက ၄၈၊ သြစတြေး လျက ၄၁၊ ဘရာဇီးသားက ၃၉၊ အမေရိ ကန်က ၃၇ ကီလိုဂရမ် တစ်နှစ်တစ်ဦးက စားကြသည်။

ဝက်သားကို တစ်ဦးတစ်နှစ်စား သည့် ကီလိုဂရမ်မှာ ဂျာမနီ ၅၄၊ အီတလီ ၄ဝ၊ တရုတ် ၃၆၊ ပြင်သစ်နှင့်ဗီယက်နမ် ၃၄ စီ၊ တောင်ကိုရီးယား ၃၁ အသီးသီးစားကြ သည်။ ကြက်သားကို တစ်ဦးလျှင် တစ်နှစ် စားသည့်ကီလိုဂရမ်မှာ အမေရိကန် ၅၁၊ ဆော်ဒီအာရေးဘီးယား ၄၈၊ သြစတြေးလျ ၄၅၊ ဗင်နီဇွဲလား ၄၅၊ ဘရာဇီး ၄၁ အသီး သီး စားကြသည်။

တစ်ဦးချင်း အသားစားကြူးသည့် လူမျိုးများကိုဖော်ပြပြီးနောက် ၂ဝ၁၂ ခုနှစ် နိုင်ငံအလိုက် အသားထုတ်လုပ်မှုအနည်း အများကိုဖော်ပြရသော် အမဲသားကို အမေ ရိကန်က တန်ချိန် ၁၁ဒသမ၈ သန်း၊ ဘရာ ဇီးက တန်ချိန် ၉ဒသမ၃သန်း၊ တရုတ်က တန်ချိန် ၆ ဒသမ ၆သန်း၊ အိန္ဒိယက တန် ချိန် ၂ဒသမ၆သန်း၊ အာဂျင်တီးနားက တန် ချိန် ၂ဒသမ၅သန်း အသီးသီးထုတ်လုပ်ခဲ့ သည်။ တစ်ကမ္ဘာလုံး တန်ချိန် ၆၆ ဒသမ ၉သန်း အမဲသားထုတ်လုပ်ခဲ့သည်။

နိုင်ငံအလိုက် ဝက်သားတန်ချိန် သန်းဂဏန်းဖြင့်ထုတ်လုပ်မှုကိုဖော်ပြရသော် တရုတ် ၄၉ ၊ အမေရိကန် ၁ဝဒသမ ၆၊ ဂျာ မနီ ၅ဒသမ၅၊ စပိန် ၃ဒသမ၅၊ ဘရာဇီး ၃ဒသမ၅ အသီးသီး ထုတ်လုပ်ခဲ့ပြီး တစ် ကမ္ဘာလုံးတန်ချိန် ၁ဝ၉ဒသမ ၁သန်း ဝက် သား ထုတ်လုပ်ခဲ့သည်။

နိုင်ငံအလိုက် ကြက်သားတန်ချိန် သန်းဂဏန်းဖြင့်ထုတ်လုပ်မှုမှာ အမေရိကန် ၁၉ ဒသမ ၈၊ တရုတ် ၁၈ဒသမ ၂၊ ဘရာဇီး ၁၂ဒသမ၁၊ ရုရှား ၃ဒသမ၃၊ မက္ကဆီကို ၂ဒသမ၈ အသီးသီးဖြစ်ပြီး တစ်ကမ္ဘာလုံး ၁ဝ၅ဒသမ၆သန်း ၂ဝ၁၂ ခုနှစ်ကထုတ်လုပ် ခဲ့သည်။ ယင်းအနက် ဝက်သားထုတ်လုပ် မှုတွင် မြန်မာက အဆင့် ၂၄ နေရာလိုက်၍ ဝဒသမ၆၂သန်း တန်ချိန်ထုတ်ခဲ့သည်။ ကြက် သား ၁ဒသမ ၂သန်း တန်ချိန်ထုတ်ပြီး ကမ္ဘာ တွင် အဆင့် ၂၁ နေရာလိုက်ခဲ့သည်။

ကမ္ဘာ့လူသားများသည် တိရစ္ဆာန် များကို ဤမျှများပြားစွာမွေး၍ ဤမျှလွန် စွာသတ်ဖြတ်စားသောက်နေကြသည်ကို အမှုမဲ့ကျူးလွန်နေကြသည်မှာ အလွန်ဝမ်း နည်းဖွယ် ကောင်းလေသည်။ တိရစ္ဆာန်ဟူ သည် လူတို့ပြုသမျှနုရသော ဒုဂ္ဂတိဘုံသား မှ သက်ရှိသတ္တဝါများပင်ဖြစ်သည်။ ၃၁ဘုံ ရှိ သတ္တဝါအားလုံး အရပ် ၁ဝမျက်နှာရှိ သတ္တ ဝါအနန္တတို့ကို ဘေးရန်ခပ်သိမ်း၊ ဆင်းရဲ ခပ်သိမ်းကင်းငြိမ်း၍ နှစ်လုံးစိတ်ဝမ်း အေး ချမ်းကြစေရန် မေတ္တာပို့ရမည့်အစား သတ် ရန်၊ စားရန်မွေးပြီး ရက်စက်စွာ စားပစ်ကြ သည်။

ဗုဒ္ဓဘာသာတွင် အနိမ့်ဆုံးငါး ပါးသီလခံယူလျှင် သူ့အသက်ကိုမသက်ရ ဟု စောင့်ထိန်းရသည်။ ခရစ်ယာန်ဘာသာ ၌ ပညတ်တော်ဆယ်ပါးတွင် သူ့အသက် ကိုမသတ်ရဟူ၍ ပညတ်ချက်တစ်ပါးပါရှိ သည်။

ကိုးကွယ်သော ဘာသာတိုင်း သည် မေတ္တာရှေ့ထားရမည်ဟု ဟောကြား ဆုံးမပါလျက် လူသားတို့သည် မေတ္တာခေါင်း ပါးစွာနှင့် စားရန်ရည်စူး၍ သတ်ရန်မွေး သောတိရစ္ဆာန်များကို ဤမျှနေ့စဉ်စားသုံး နေပြီး ဘာပစ္စဝေက္ခဏာမျှ မဆင်ခြင်မိပါ ကသိလျက်နှင့် စားသူအဖြစ် ဝဋ်လည်ပေ ဦးရော့မည်။ လူ့အာဟာရဓာတ်တွင် အသား ဓာတ်ကို ပရိုတင်းဓာတ်မပါလျှင် အာဟာ ရမပြည့်မည်ကိုစိုး၍ စားရပါသည်ဟု ဆင် ခြေပေးပါက သက်သတ်လွတ်စားလျှင် ပဲ မျိုးစုံနှင့် အစေ့အဆန်တို့၌ပါသော အသား ဓာတ်ပရိုတင်း၊ အမိုင်နိုအက်စစ်သည် လူ့ ကျန်းမာရေးအတွက် လိုအပ်သည့်အသား ဓာတ်ကို ဖြည့်ဆည်းနိုင်ပါသည်။ ဤအချက် က သက်သတ်လွတ်စားသူများပို၍ ကျန်းမာ ဝဖြိုးအားရှိပြီး အသက်ရှည်ကြသည်ကပင် သက်သေကောင်းပြလျက်ရှိလေတော့သည်။

Flower News Journal, 12-8

မှတ်ချက်များ