ဘန်ကောက်နှင့် ရန်ကုန်


၂၀၁၆ဖေဖော်ဝါရီလတွင် အလုပ် ကိစ္စဖြင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်သို့ ခရီးထွက်ဖြစ်သည်။ ရန်ကုန်မှ ဘရပ်ဆဲလ်သို့ ဘန်ကောက်မှတစ်ဆင့် သွား ရောက်ခြင်းဖြစ်ရာ ထိုင်းလေ ကြောင်း TG 306 စီးဖြစ်သည်။ ရန်ကုန်-ဘန်ကောက်တစ်နာရီ ကြာပြီး အမြင့်ပေသုံးသောင်း ကျော်မှ ပျံသန်းသည်။ ရန်ကုန်မှ ည ၇နာရီ မိနစ် ၅၀ခန့်တွင် ပျံသန်းထွက်ခွာခြင်းဖြစ်ရာ လေယာဉ်အတက် ကောင်းကင်ထက်မှ မြေပြင်ရှိ ရန်ကုန်မြို့တော်ကြီးကို မီးရောင်များအကြား ထင်ထင်ရှားရှားတွေ့ရသည်။ ထင်ထင်ရှား ရှားဟု ရေးရခြင်းမှာ မဝေးလှသော တစ်ချိန်က မြို့ရန်ကုန်သည် မီးမှိန်မှိန်ကြားမထင်မရှားဖြစ်ခဲ့ရသောကြောင့်ဖြစ်သည်။

စာရေးသူ ပြည်ပသို့ ခရီးစဉ် မြောက်မြားစွာထွက်ဖူးပါသည်။ဘန်ကောက်မြို့တွင်းသို့ နှစ်ကြိမ် သာ ရောက်ခဲ့ဖူးသော်လည်း ဘန် ကောက်နိုင်ငံတကာလေဆိပ် (Suvarnnabhumi)သို့မူ ကြားခံ ခရီးတစ်ထောက်(Transit)အနေ ဖြင့် ကြိမ်ဖန်များစွာရောက်ခဲ့ဖူး သည်။ ဘန်ကောက်မှ ညဘက် သန်းခေါင်အချိန် လေယာဉ်ပျံအ ထွက် ဘန်ကောက်မြို့ကြီးကို ထင် ထင်ရှားရှားတွေ့မြင်ရသည်။ ည ဘက်ချင်းတူသော်လည်း လျှပ်စစ် မီးရောင်များအကြား ဘန်ကောက် နှင့် ရန်ကုန်တို့၏ အရောင်အ၀ါ တောက်ပပုံမှာမတူပါပေ။ များစွာ ကွဲပြားလှပါသည်။ ဘန်ကောက် သည် ကောင်းစွာဝတ်စားဆင် ယင်ထားသော အတွေ့အကြုံရှိ သည့် သူဌေးသူကြွယ်တစ်ဦးနှင့်တူသည်။ ရန်ကုန်မှာမူ ယခုမှ အကြွေးကျေကာ ငွေကြေးအသင့်အတင့်ရှိလာသဖြင့် ပြင်ပြင်ဆင်ဆင်ရှိလာသူတစ်ယောက်ပုံမျိုး တွေ့ရသည်။ ကောင်းကင်မှ မြင်တွေ့ရသော ဘန်ကောက်မြို့ကြီး၏ ညအလှသည် မီးပင်လယ်ကြီးတမျှ ဖြစ်သည်။ များစွာကြီးကျယ်ခမ်းနားသည်။ တစ်လောကလုံး ထိန်ထိန်ညီးလျက်ရှိသည်။

ယခုရန်ကုန်သည်လည်း ယ ခင်နှင့်မတူတော့ပါချေ။ များစွာ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ များ စွာဆိုသည်မှာ မြန်မာမျက်စိဖြင့် များစွာဟု ဆိုလိုခြင်းဖြစ်သည်။ နိုင်ငံတကာဖွံ့ဖြိုးမှုနှုန်းနှင့်ဆိုလျှင် ပြောရန်စောသေးသည်ဟု ဆိုရ မည်ဖြစ်သည်။ ၂၀၁၁မတိုင်မီက ဆိုလျှင် ညဘက်ရန်ကုန်သို့ ပြည် ပမှ လေကြောင်းဖြင့် ပြန်ရောက် လေတိုင်း ကိုယ့်မြို့ကိုယ်ကြည့်ပြီး စိတ်မောခဲ့ရဖူးသည်။ မီးပုံမှန်မရ သဖြင့် ရန်ကုန်သည် နှစ်ပေါင်း များစွာ အမှောင်ထဲမှမြို့ကြီးဖြစ် ခဲ့သည်။ လူပြောများသော စကား တစ်ခုတွင် ညဘက်ဂြိုဟ်တုဓာတ် ပုံများမှတစ်ဆင့် ကမ္ဘာ့မြို့ကြီးများ ကို လေ့လာပါက ရန်ကုန်မြို့တော် သည် အမြဲအမှောင်လွှမ်းနေတတ် သည်ဟုဆိုသည်။ ၂၀၁၁ နောက် ပိုင်းမှစ၍ ရန်ကုန်အပါအ၀င်မြန် မာနိုင်ငံအနှံ့အပြားလျှပ်စစ်မီးပိုမို ရရှိလာခဲ့သည်။ စာရေးသူ ၂၀၁၃က ပြည်ပမှ ညဘက်လေကြောင်းဖြင့် ပြည်တော်ပြန်ခဲ့ရာ ရန်ကုန်မြို့ ညရှုခင်းကို ကြည့်၍ ယခင်ရှုခင်းများနှင့် အတော်အသင့်ခြားနားနေပြီဖြစ်ကြောင်း သတိပြုမိခဲ့သည်။မီးရောင်များအကြား ရန်ကုန်မြို့ကြီးကို လှပစွာတွေ့မြင်ခဲ့ရသည်။

သို့ရာတွင် အိမ်နီးချင်းမြို့ ကြီးများ၊ မြို့တော်များနှင့် နှိုင်း ယှဉ်လျှင်မူ ရန်ကုန်မြို့သည် အစ စအရာရာ နိမ့်ကျနေဆဲဖြစ်သည်။ တောက်တောက်ပြောင်ပြောင်မရှိ လှသေးပေ။ တိုးတက်မှုတစ်စုံ တစ်ရာရှိလာသည်ဟုဆိုနိုင်သည့် တိုင် ရတာလေးနှင့် ကျေနပ်နေရ သည့် ရန်ကုန်သား၊ မြန်မာနိုင်ငံ သားတို့ အခြေအနေမှာ ၀မ်းနည်း ဖွယ်ပင်ဖြစ်သည်။ နွေရောက် လျှင် ရေ၊ မီးမှန်မှန်ရရှိဖို့ စိုးရိမ်နေ ကြရဆဲဖြစ်သည်။ နွေမရောက် ခင် ဆောင်းရာသီတွင်ပင် မီးက မကြာခဏပြတ်ချင်လာနေသည်။ ဘာပြင်လို့၊ ညာပြင်လို့အကြောင်း ပြချက်ဖြင့် ရက်ဆက်ရေမလာ တာမျိုး ကြုံနေရဆဲဖြစ်သည်။ ဓာတ်လှေကားပါသော လူနေတိုက်ခန်းများပင်လျှင် မီးရရှိမှု အခြေအနေ သေချာမှုမရှိခြင်းကြောင့် မျက်နှာပန်းလှခြင်းမရှိပေ။

စာရေးသူလိုက်ပါလာသော TG 306 လေယာဉ်သည် ဘန် ကောက်လေဆိပ်သို့ ချဉ်းကပ်လာ ခဲ့ရာ ဘန်ကောက်မြို့ကြီးကို မီး ရောင်များအကြား ထိန်ထိန်ညီး လျက် လေယာဉ်ပေါ်မှတစ်ဆင့် မိနစ်များစွာတွေ့ခဲ့ရသည်။ ဘန် ကောက်မီးအလင်းအားနှင့် ရန် ကုန်မီးအလင်းအားသည် ကွာ ခြားလှစွာတကား။ ထိုင်းလေ ကြောင်းကိုလည်း အကြိမ်ပေါင်း များစွာ စီးနင်းခဲ့ဖူးသည်။ ထိုင်း လေကြောင်းသည် ယခုအခါ ကမ္ဘာ့ထိပ်တန်းလေကြောင်းအ ဖြစ် နိုင်ငံတကာအလယ်တွင် ကောင်းစွာ ရပ်တည်နေပြီဖြစ် သည်။TG 306သည် ထိုင်းစံတော် ချိန် ည ၉နာရီခွဲခန့်တွင် ဘန် ကောက်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ဆိုက်ရောက်သည်။ ထိုင်း လေဆိပ်သည်လည်း များစွာကြီး မားကျယ်ပြောလှသည်။ ထိုင်းလေဆိပ်တွင် ထိုင်းလေကြောင်း နှင့် နိုင်ငံတကာလေကြောင်းမှ လေယာဉ်အမည်မျိုးစုံ အစီအရီ ရပ်တန့်ထားကြသည်။ ရန်ကုန် လေဆိပ်တွင်မူ နိုင်ငံတကာလေ ယာဉ်လေး၊ငါးစီးခန့်သာတွေ့ခဲ့ရ သည်။ ရန်ကုန်လေဆိပ်သည် ယ ခုအခါ များစွာကျယ်ပြောလာပြီ ဖြစ်သော်လည်း ဘန်ကောက်လေ ဆိပ်နှင့်ယှဉ်ပါက ဆင်နှင့်ဆိတ်မ က အကွာခြားကြီး ကွာခြားနေပြီ ဖြစ်သည်။

ထိုင်းလေဆိပ်တွင် ဘရပ် ဆဲလ်သို့ သွားသည့် အခြားTG တစ်စီး(TG 934)ပြောင်းစီးရန်နာ ရီအနည်းငယ်စောင့်ရသည်။ TG 934သည် ထိုင်းစံတော်ချိန်နံနက် ၀၀နာရီ ၃၀မိနစ်တွင် ဘန်ကောက်လေဆိပ်မှ ပျံသန်းထွက်ခွာခဲ့သည်။ညဥ့်နက်သန်းခေါင် ဘန်ကောက်မြို့တော်ကို မီးရောင်များကြားမှ ရှုမငြီးဖွယ် ထပ်မံမြင်တွေ့ရပြန်သည်။ ဘန်ကောက်မှ ဘရပ်ဆဲလ်သို့ ၁၂နာရီသာသာခန့်စီးရသည်။ လေယာဉ်ပေါ်တွင် အတွေးနယ်ချဲ့မိပြန်သည်။ ထိုင်းနှင့် မြန်မာအကြောင်း ဖြစ်သည်။ယဉ်ကျေးမှုချင်းဆင်သည်။ ကိုးကွယ် ရာဘာသာတရားတူညီမှုရှိသည်။ ဒေသတူ၊ အရှေ့တောင်အာရှ သားများဖြစ်ကြသည်။ 

သို့သော် အစဉ်အလာ ရန်ဘက်များသဖွယ် ရှုမြင်သူများရှိသည်။ ထိုင်းတို့ မြန် မာကို မနှစ်သက်ဟု ကျယ်ကျယ် ပြန့်ပြန့်ရှုမြင်သလို မြန်မာတို့ထိုင်း ကို မကြည်ဟုလည်းဆိုကြသည်။ တိုက်ဆိုင်လျှင် အချင်းချင်းစကား နာထိုးလေ့ရှိသည်။ စကားလုံးများ ဖြင့် စိန်ခေါ်လေ့ရှိသည်။ ၀ါးရင်း တုတ်ဖြင့် ဘန်ကောက်မြို့ကို သိမ်းပြမည်ဟု ဆိုသူများရှိသလို မြန်မာကို ဘယ်တော့မှမကျေဟု အယုဒ္ဓယတမ်းချင်းဖြင့် အငြိုးအ တေးထားသူများရှိသည်။ နိုင်ငံ ရေးတွင်လည်း ထိုင်းနှင့် မြန်မာ သည် ဆန့်ကျင်ဘက်လိုဖြစ်နေ သည်။ တစ်ချိန်က ထိုင်းတို့ဒီမိုကရေစီရခဲ့ပြီး မြန်မာတို့ စစ်အုပ်ချုပ်ရေးအောက် ကျရောက်ခဲ့ရသည်။ ယခုမူ မြန်မာတို့ ဒီမိုကရေစီခေတ် ဟုဆိုနေချိန်တွင် ထိုင်းတို့မှာမူစစ် အုပ်ချုပ်ရေးအောက် တစ်ဖန်ရောက်နေပြန်သည်။ 

သို့သော် ကွာခြားမှုများက အမှန်ပင်ရှိသည်။ ထိုင်းစစ်အုပ်ချုပ်ရေးသည် စစ်အုပ်ချုပ်ရေးနှင့် မတူပေ။ အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံကြား အချင်းချင်းနာနာ ကြည်းကြည်းမရှိလှပေ။ မြန်မာစစ်အုပ်ချုပ်ရေးမှာမူ တစ်နိုင်ငံလုံး မွဲပြာကျသွားသည်။ ရုပ်ပိုင်းဆိုင်ရာ တက္ကသိုလ်ကြီးများ၊ လမ်းတံတားများ နိုင်ငံအနှံ့ထွက်ပေါ်လာသော်လည်း စိတ်ပိုင်းဆိုင်ရာများမှာမူ စုတ်ပြတ်ကျန်ခဲ့သည်။ သင်ထောက်ကူပစ္စည်းမပြည့်စုံသော စာသင်ကျောင်းများ၊ စံချိန်စံညွှန်းမမီသော လမ်း၊ တံတားများသည် အများပြောစရာဖြစ်ခဲ့ရသည်။ သို့သော် မြန်မာတို့ဒီမိုကရေစီအောင်ပွဲခံချိန်တွင် ထိုင်းတို့ ဒီမိုကရေစီဆိတ်သုဉ်းလာနေသည်ကတော့ အမှန်ပင်ဖြစ်သည်။

ထိုင်းနှင့် မြန်မာဖွံ့ဖြိုးမှုအ ရာကွာခြားပုံမှာ အတွင်း၌သာမ ဟုတ်။ အပြင်၌ပါ ကွာခြားလှ သည်။ ဆိုလိုသည်မှာ နိုင်ငံတကာ တွင် စားသောက်ဆိုင်များနေ့ရာ အနှံ့ရှိသည်။ အချို့နိုင်ငံများတွင် တရုတ်အစားအသောက်မှလွဲ လျှင် ထိုင်းစားသောက်ဆိုင်များ က အများစုလိုဖြစ်နေသည်။ နိုင်ငံ တကာတွင် ထိုင်းစားသောက်ဆိုင် များမှတစ်ဆင့် ထိုင်းယဉ်ကျေးမှု တို့ မျက်နှာပန်းလှကြသည်။ ဆ၀ါ့ ဒီခါပ်သည် ကမ္ဘာသုံးစကားလိုဖြစ် လာနေသည်။ ထိုင်းနိုင်ငံတွင် ဆင်းရဲမွဲနေမှုက ရှိနေသေးသည့် တိုင် ထိုင်းအခြေခံလုပ်သားအများ အပြား စကင်ဒီနေဗီးယားလို ငြိမ်း ချမ်းဖွံ့ဖြိုးပြီး ချမ်းသာကြွယ်ဝ သည့်ဒေသများတွင်အလုပ်လုပ် ကြသည်။

 မြန်မာအများအပြားမှာ မူ ထိုင်းနိုင်ငံတွင် အောက်ခြေအ လုပ်လုပ်နေရသည်မှာအစဉ်အ လာလိုဖြစ်နေသည်။ နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း ထိုင်းနှင့် မြန်မာသည် များစွာကွာဟနေပြီ ဖြစ်သည်။ ထိုင်းပညာတတ်များ စွာသည် ထိပ်တန်းနိုင်ငံတကာအ ဖွဲ့အစည်းများတွင် အဆင့်မြင့်ရာ ထူးနေရာများတာဝန်ထမ်းဆောင် နေကြသည်။ အနောက်နိုင်ငံများရှိ တက္ကသိုလ်ကြီးများတွင် ထိုင်း ကျောင်းသားအများအပြားပညာ သင်ယူလျက်ရှိသည်။ ထိုင်းနိုင်ငံ အတွင်းမှ လုပ်ငန်းရှင်ကြီးများ ကြွယ်ဝသောဥရောပဒေသများ နှင့်အမေရိကန်တို့သို့ ကိုယ်ပိုင်စီး ပွားရေးလုပ်ငန်းများသွားရောက် ဖွင့်လှစ်ကြသလို ဂျပန်နှင့် အ နောက်နိုင်ငံသားသက်ကြီးပိုင်းအ များအပြားသည်လည်း ထိုင်းနိုင်ငံ တွင် လာရောက်အခြေချနေထိုင် ကြသည်။

ထိုင်းသည် မြန်မာထက်အ ရာအားလုံးသာလွန်သည်၊ အရာ အားလုံးကောင်းမွန်သည်ဟုမဆို လိုပါ။ ဆိုးသည်များလည်းရှိပါ၏။ သို့သော် မိမိတို့ထက် စီးပွားရေး၊ လူမှုရေး၊ အခြေခံအဆောက်အ အုံဖွံ့ဖြိုးတိုးတက်ရေးတွင်များစွာ သာလွန်ကောင်းမွန်နေသည်ကို အသိအမှတ်ပြုအားကျရမည်ဖြစ် သည်။ မြန်မာအချို့တွင် အကျင့် တစ်ခုရှိသည်။ မိမိနှင့်အဆင်မပြေ ပါက ထိုသူမည်မျှပင်အောင်မြင် နေပါစေ အသိအမှတ်မပြုခြင်း၊ မသိကျိုးကျွန်ပြုခြင်း၊ သေးသိမ် သေးနုတ်အောင်ပြောဆိုကျင့်များ ရှိတတ်သည်။ ထိုင်းကို ငယ်နိုင်ဟု ထင်မြင်နေကြသူ အများအပြား ရှိနေဆဲဖြစ်သည်။ သူများကို မနှစ် သက်လျှင် သူများထက်သာ အောင် လုပ်ပြနိုင်ရမည်ဖြစ်သည်။ မသာမချင်း သိုသိုသိပ်သိပ်နေ ထိုင်တတ်ရမည်ဖြစ်သည်။ ယခုမူ မြန်မာအများအပြားထိုင်းနိုင်ငံ တွင် ထိုင်းနိုင်ငံသားတို့ မလုပ်လို သော အောက်ခြေအလုပ်များဝင် ရောက်လုပ်ကိုင်နေရသည်မှာ အ ဖြေတစ်ခုပင်ဖြစ်သည်။

ဤဆောင်းပါးကို ထိုင်းတို့ ကို မကျေနပ်စိတ်အခံနှင့်ရေးသား ခြင်းမဟုတ်ပါ။ မြန်မာအချို့၏ တွေးခေါ်ရှုမြင်မှုများကို ဝေဖန် ထောက်ပြလိုရင်းသာဖြစ်သည်။ ထိုင်းနှင့် မြန်မာမည်မျှကွာခြားနေ သည်ကို အသိပေးရေးသားလို ခြင်းသာဖြစ်သည်။ ဆိုခဲ့သလို မြန် မာတို့သည် မကျေနပ်စိတ်အခံရှိ ပါက အကောင်းပြောခဲလှသည်။ မိတ်ဆွေအချို့ဆိုလျှင် မြန်မာကို ထိုင်းလို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရင် ဆယ်နှစ်ပေါ့၊ နှစ်နှစ် ဆယ်ပေါ့စသည်ဖြင့် ခပ်ပေါ့ပေါ့ ပြောတတ်သည်။ ထိုင်း၊ မလေး ရှားကဲ့သို့ အိမ်နီးချင်းနိုင်ငံများကို ကျော်ကာ ဥရောပက ဆွီဒင်၊ နော်ဝေးလို အဝေးကြီးကို မျှော် ကြည့်တတ်သည်။ မြန်မာကို ဆွီ ဒင်လို၊ နော်ဝေးလိုဖြစ်အောင် လုပ်ရမည်ဟု မောင်းတင်သူက တင်သည်။ မြန်မာကို ဆွီဒင်လို၊နော်ဝေးလို ဖြစ်အောင်မလုပ် ဆောင်မီ ရန်ကုန်ကို ဘန်ကောက် ကဲ့သို့ မီးထိန်ထိန်ညီးအောင် အရင်လုပ်ကြည့်ကြဖို့ ပြောလိုသည်။

7Day Daily

မှတ်ချက်များ