![]() |
| (ရေဘေးကြုံတွေ့ခဲ့ရသည့် ကလေးမြို့တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း) |
နှစ်ပေါင်းသုံးဆယ်ကျော်အ တွင်း အဆိုးရွားဆုံး ရေဘေးကို မြန်မာနိုင်ငံက ၂၀၁၅ တွင် ကြုံခဲ့ ရပြီး ရေဘေးနှင့် မြေပြိုမှုများ ကြောင့် လူဦးရေ ၁ ဒသမ ၇ သန်း နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့သည်။
၎င်းအနက် အများစုမှာ နေရပ်သို့ ပြန်လည်ရောက်ရှိလာသော်လည်း လူဦးရေ ကိုးထောင်ကျော်မှာ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးပေ။
၂၀၁၅ နှစ်ဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်သူများသည် ၂၀၁၅ အတွင်းခုနစ်သောင်းခန့်ရှိခဲ့ပြီး လေး ထောင်ခန့်မှာ နေရပ်သို့ ပြန်လည် အခြေချနေထိုင်ခြင်း မရှိသေး ကြောင်း UNOCHA က ထုတ်ပြန် ထားသည်။
ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲများကြောင့် ၂၀၁၅အတွင်း ဒုက္ခသည်အသစ် တစ် သောင်းခန့် တိုးလာပြီး လေး ထောင်ခန့်မှာ လက်ရှိအထိ အိမ်မပြန်ရသေးဘဲ ဆက်လက်တိမ်း ရှောင်နေရဆဲဖြစ်သည်။
ထို့အပြင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပြည်သူ ခြောက်ထောင်ခန့် နေရပ်စွန့်ခွာ ခဲ့ရသည်။ လေးထောင်ခန့်သာ နေရပ်ပြန်လည်ရောက်ရှိလာပြီး ကျန်နှစ်ထောင်ခန့်မှာ ပြည်တွင်းရှိ ဒုက္ခသည်စခန်းများတွင် ရှိနေ ကြောင်း UNOCHA ကဆိုသည်။
ထို့ကြောင့် ၂၀၁၅ အတွင်း နေရပ်စွန့်ခွာသူ ဒုက္ခသည် နှစ် သန်းခန့်ရှိသည့်အနက် အများ စုမှာ နေရပ်သို့ ပြန်လည်အခြေချ နေထိုင်ကြပြီး ဖြစ်သော်လည်း လူဦးရေနှစ်သောင်းခန့်မှာ လက်ရှိအချိန်အထိ ဒုက္ခသည်စခန်းများတွင် ရှိနေဆဲဖြစ်သည်ဟု UNOCHA က သတင်းထုတ်ပြန်သည်။
ထို့အပြင် ၂၀၁၁ မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်စခန်း ၁၆၈ ခုတွင် စစ်ပြေးဒုက္ခသည်ဦးရေ တစ်သိန်းခန့်မှာ နေရပ်သို့ မပြန်နိုင်ကြ သေးပေ။
၂၀၁၁ တွင် ရခိုင်ပြည်နယ် ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများ ကြောင့် ဒုက္ခသည်စခန်း ၆၇ ခု တွင် ကာလကြာရှည် နေရပ်စွန့် ခွာနေထိုင်သူ တစ်သိန်းလေး သောင်းခန့် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
အိဖြူမွန် | 7day

မှတ်ချက်များ