ရန်ကုန်ဘူတာကြီးဝင်း၌ ဆောက်လုပ်ရေးလုပ်ရန် မြေတူးရာရှေးဟောင်းပစ္စည်းများတွေ့ရှိ

ရှေ့ဟောင်းပစ္စည်းများတွေ့ရှိခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်(FB.com/Thant Lwin Oo)
ဆောက်လုပ်ရေးလုပ် ငန်းများဆောင်ရွက်ရန် မြေတူး ဖော်စဉ် ရန်ကုန်ဘူတာကြီးဝင်း၌ ပျူခေတ်လက်ရာ ရှေးဟောင်း ပစ္စည်းများနှင့် ကြေးခေတ်အ ထောက်ထားအချို့ တွေ့ရှိခဲ့ရ ကြောင်း ရှေးဟောင်းသုတေသန ဌာနမှ ဦးသန့်လွင်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ သည်။

ရန်ကုန်ဘူတာကြီးဝင်းအ တွင်း ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန် မြေတူးဖော်စဉ် တွေ့ရှိရသော ရှေးဟောင်းပစ္စည်း များ၌ ပျူအရိုးအိုးငယ်တစ်ခု၊ ပျူပုတီးစေ့များနှင့် အိုးခြမ်းပဲ့အများအပြား တွေ့ရှိရသည့်အပြင် ကြေးခေတ်အထောက်အထားအချို့လည်း တွေ့ရှိရသည်ဟု ရှေးဟောင်းရှာဖွေရေးသုတေသနလုပ်ငန်းများဆောင်ရွက်နေသည့်ဦးသန့်လွင်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

‘‘ရန်ကုန်ဘူတာကြီးဝင်းထဲ က ထွက်လာတဲ့ ပျူအရိုးအိုးငယ် တစ်ခု၊ ပျူပုတီးစေ့တွေနဲ့ အိုးခြမ်း ပဲ့အများအပြားအပြင် ကြေးခေတ်အထောက်အထားတချို့လည်း တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ ရှေးမြို့ဟောင်းတွေ အများဆုံးရှိတဲ့ သဘာဝပြတိုက်ကြီးဖြစ်တယ်လို့ အနောက်တိုင်းပညာရှင်တချို့ သုံးသပ်ခဲ့သလိုပဲ ဘယ်နေရာကြည့်ကြည့် ရှေးခေတ်လူသားပျူ မြန်မာသမိုင်းကို မြေကြီးက သက်သေတည်နေတယ်လို့သာ ဆိုလိုက်ချင်ပါတော့တယ်’’ဟု ဦးသန့်လွင်ဦးက ရေးသားထားသည်။

ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုက မြေတူးဖော်ရေးဆောင် ရွက်နေစဉ် ယင်းရှေးဟောင်းပစ္စည်းများကို ၂၀၁၅ အောက်တိုဘာတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီနှင့် ရှေးဟောင်းကျွမ်းကျင်သူ ပညာရှင်များက သက်တမ်းစစ်ဆေးရန် ယဉ်ကျေးမှုဝန်ကြီးဌာနကို ပေးပို့ထားသည်ဟု သတင်းရရှိသည်။

‘‘ဆောက်လုပ်ရေးကုမ္ပဏီ က မြေတူးရင်းတွေ့တာလို့ ပြော ပါတယ်။ သက်တမ်းစစ်ဖို့အတွက် ရှေးဟောင်းသုတေသနဌာနကို ပို့ ထားပါတယ်။ ပြီးခဲ့တဲ့ ငါးလ လောက်က ပို့ထားတာပါ’’ဟု ဦး သန့်လွင်ဦး၏ တပည့် ဦးမောင်မောင်ခက ပြောကြားသည်။

အမျိုးသားပြတိုက်၊ ယဉ် ကျေးမှုနှင့် ရှေးဟောင်းသုတေ သနဌာနက ရန်ကုန်နှင့် နေပြည် တော်သို့ မေးမြန်းရာတွင် ယင်း ကိစ္စကို သိရှိခြင်းမရှိကြောင်းနှင့် အသိပေးအကြောင်းကြားခြင်းမရှိ ဟု ဖြေကြားခဲ့သည်။

‘‘ပြီးခဲ့တဲ့ အောက်တိုဘာ က တွေ့တာဆိုတော့ ဒီအတိုင်း ဖြေလိုက်တာ ဖြစ်မယ်။ ဆရာကြီး ကိုလည်း ရှေးဟောင်းက အခုအ ချိန်ထိ သတင်းထုတ်ပြန်ခြင်းမရှိ သေးတာကို ဓာတ်ပုံတင်ရမလား ပြောထားတာရှိတယ်။ တွေ့ခဲ့တာ ကတော့ အမှန်ပါပဲ။ ပုံတွေကို ကြည့်လိုက်ရင် သိသာနေပါတယ်’’ဟု ဦးမောင်မောင်ခက ပြော သည်။

ရန်ကုန်ဘူတာကြီးသို့ ဆက် သွယ်မေးမြန်းရာတွင် လွန်ခဲ့သည့် ငါးလခန့်က ဆောက်လုပ်ရေးလုပ် ငန်းလုပ်ဆောင်နေစဉ် တွေ့ရှိခဲ့ရ သည်မှန်သော်လည်း မည်သည့် ပစ္စည်းတွေ့ရှိကြောင်း အတိအကျမသိဟု ဖြေကြားခဲ့သည်။

အိဖြူမွန် | 7day

မှတ်ချက်များ