သက်တော်စောင့် ၁၆ ယောက်ခန့်လိုက်တဲ့ မာ့ခ်ဇူကာဘတ်


ဖေ့စ်ဘွတ်ပေါ်မှာ ချစ်ကြိုက်ကွဲညားဇာတ်လမ်းတွေ ကြုံတွေ့ရတဲ့ အချို့က ဇူကာဘတ်ကို အသက်အန္တရာယ် ခြိမ်းခြောက်စာ ပို့ကြတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်စီအီးအို မာ့ခ်ဇူကာဘတ်ဟာ အွန်လိုင်းကတဆင့် ခြိမ်းခြောက်စာတွေ လက်ခံရရှိပြီးနောက် သက်တော်စောင့် ၁၆ ယောက်ခန့်အပ်ထားလိုက်ပါတယ်။ ကာလီဖိုးနီးယားမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သက်တော်စောင့်တွေ ခန့်ထားတာဖြစ်ပါတယ်။

အမေရိကန်ဆီလီကွန်တောင်ကြားမှာ ရှိတဲ့ လူငယ်ဘီလီယံနာတွေထဲမှာ ဖေ့စ်ဘွတ်ပူးတွဲတည်ထောင်သူ ဇူကာဘတ်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ဇူကာဘတ်ရဲ့ ဒေါ်လာ ၁၀ သန်းတန် နေအိမ်ထဲမှာ အစောင့်တွေ ရှိတယ်လို့ သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး Page Six ကဖော်ပြပါတယ်။

လူပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံနေရတာဖြစ်တဲ့အတွက် စီအီးအိုတွေအားလုံး ခြိမ်းခြောက်မှုတွေခံရသလို ဒီကိစ္စကို ပေါ့ပေါ့ဆဆ မထားကြဘူးလို့ ဆီလီကွန်တောင်ကြားက သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ ဆီလီကွန်တောင်ကြားဟာ အမေရိကန်နည်းပညာကုမ္ပဏီတွေရှိတဲ့ ဒေသဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ဟာ လူပေါင်းများစွာ အသုံးပြုကြတဲ့အတွက် ချစ်ကြိုက်ကွဲညားတဲ့ ဇာတ်လမ်းတွေလည်း ဖေ့စ်ဘွတ်ပေါ်မှာပဲ ဖြစ်ကြပါတယ်။ စီအီးအိုဇူကာဘတ် ခြိမ်းခြောက်ခံရတာဟာ ဒီအကြောင်းပြချက်ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Source : Telegraph
Photos : gsb, top.de, telegraph
Credit: duwun

မှတ်ချက်များ