သူ့အချိန်နဲ့သူ စားမယ်ဆိုရင် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
အစာစားချိန်မမှန်ခြင်းကလည်း သင့်ကျန်းမာရေး ချူချာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုအပါအဝင်ပါပဲ။ ဒါ့အပြင် ဝလွန်းတာ၊ ပိန်လွန်းတာတွေနဲ့လည်း ဆက်စပ်နေပြန်ပါတယ်။ အစာကို သူ့အချိန်နဲ့သူ စားပေးတဲ့အကျင့်က သင့်ရဲ့ လူနေမှုဘဝကို ပိုမိုကောင်းမွန်စေမှာပါ။
မနက်စာ
မနက် ၇ နာရီမှ ၈ နာရီကြား စားပေးပါ။ ၁၀ နာရီထက်လည်း နောက်မကျပါစေနဲ့။ အကောင်းဆုံးကတော့ အိပ်ယာနိုးပြီး မိနစ် ၃၀ အတွင်း မနက်စာစားတာ အကောင်းဆုံးပါပဲ။
နေ့လယ်စာ
နေ့လယ် ၁၂ နာရီခွဲမှ ၂ နာရီကြား စားပေးရပါမယ်။ ညနေ ၄ နာရီထက် နောက်မကျပါစေနဲ့။ မနက်စာနဲ့ နေ့လယ်စာကြားမှာ အချိန် ၄ နာရီခြားပြီး စားပေးရင်အကောင်းဆုံးပေါ့။
ညစာ
ညမအိပ်ခင် ၃ နာရီအလိုလောက်မှာ ညစာစားတာ အကောင်းဆုံးပါပဲ။ ပုံမှန်စားမယ်ဆိုရင် ညနေ ၆ နာရီမှ ၉ နာရီကြား ညစာစားချိန်အဖြစ် သတ်မှတ်သင့်ပါတယ်။ ၁၀ နာရီကျော်သွားရင်လည်း မစားပါနဲ့တော့။ အစာမကြေဖြစ်နိုင်တဲ့အပြင် အိပ်စက်ခြင်းကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။
Credit - Duwun

မှတ်ချက်များ