မိသားစုက ဆင်းရဲတဲ့အတွက် အဖေ အမေနဲ့ မောင်လေး ၂ ယောက်ကို ဈေးဗန်းပိုက် ဈေးရောင်းကျွေးတဲ့ ဘ၀ကနေ အောင်မြင်တဲ့ Miss တစ်ယောက်ဖြစ်လာသူ Miss Earth 2015 ဆုရှင် မအိမ့်မျက်ခြယ်





အများအမြင်မှာတော့ သူမက လှပကြော့ရှင်းတဲ့ Miss တစ်ယောက်ပါ...

ဒါပေမဲ့လည်း သူမရဲ့ဘဝက ကြမ်းတမ်းတယ်ဆိုတာကိုတော့ မျက်မြင်တွေ့မှပဲ ယုံကြမှာပါ...
Miss တစ်ယောက်ဖြစ်လာဖို့ကိုလည်း ငွေကြေးမပြည့်စုံတဲ့ကြား
ကနေ ခက်ခက်ခဲခဲကြိုးစားခဲ့ရရှာသူပါ...
ဗိုလ်ချူပ်ဈေးအတွင်းက သာမန်အရောင်းဝန်ထမ်းတစ်ယောက်
အနေနဲ့ ဘဝစခဲ့ပေမဲ့ လစဉ် ၆၀၀၀၀ ဆိုတဲ့ ငွေပမာဏဟာ သူမ...အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အမေအဖေ...
မောင်ငယ်လေးနှစ်ဦးရဲ့တစ်လတစ်လအသုံးစရိတ်အတွက် လောက်ငှဖို့ဝေးပါတယ်...
သရုပ်ဆောင်ဖြစ်ချင်လွန်းတဲ့ ဝါသနာကို အရင်းခံပြီး ခြစ်ကုတ်
စုဆောင်းထားတဲ့ ငွေကြေးလေးများနဲ့ သရုပ်ဆောင်သင်တန်း...
Model သင်တန်းတက်ရောက်ခဲ့ပေမဲ့လည်း အနုပညာလောက
ဆိုတာဟာ သူမအတွက်တော့ တိုးဝင်ဖို့ခက်ခဲတဲ့နေရာတစ်ခု
ုပါ...
ဒါ့ကြောင့်ပဲ ခြေလှမ်းသစ်အနေနဲ့ Miss ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်...
တချို့သော Miss တွေက ကိုယ်ပိုင်ကားကိုယ်စီနဲ့ ကြော့ကြော့
မော့မော့သွားလာနိုင်ကြပေမဲ့ သူမကတော့ Taxi ဆိုတာကြီး
နဲ့တောင် အလှမ်းဝေးခဲ့ပါတယ်...
လက်ထဲက ချွေးနှဲစာငွေကြေးလေးတွေကို Taxi တစ်ခါစီးနိုင်
ဖို့အတွက် အသုံးမပြုရက်ခဲ့ပါဘူး...
ဘတ်စ်ကားတိုးစီးရင်း...Organization ကတဆင့် sponsor ပေးတဲ့ ဝတ်စုံ...Make up အသုံးအဆောင်တွေကို ခဏတာ
ဝတ်ဆင်ခြယ်သရင်း ပြိုင်ပွဲဆိုတဲ့ လျှောက်လှမ်းပေါ်မှာ လျှောက်ခဲ့ရပါတယ်...
Crown ဆုရရမယ်ဆိုတဲ့ စိတ်နဲ့ပြင်းပြင်းပြပြကြိုးစားခဲ့ပေမဲ့
လည်း ၂၀၁၄ ခုနှစ်ပြိုင်ပွဲမှာ Title ဆု နဲ့လွဲခဲ့ရတဲ့အထိ ကံတရားက သူမကို ကျီစယ်ခဲ့ပါသေးတယ်...
အစပိုင်းမှာ လက်လျော့လိုက်ချင်တဲ့အထိ စိတ်အားငယ်ခဲ့ရပေမဲ့
လည်း နောက်ကွယ်က မိသားစုဝင်တွေကြောင့်ပဲ ၂၀၁၅ ခုနှစ်
မှာဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပြီး Miss Earth Myanmar 2015 ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်...
နိုင်ငံ့ကိုယ်စားပြု အလှမယ်ဆိုပေမဲ့လည်း ဈေးဗန်းကို ပိုက်ရင်း ဈေးရောင်းသွားဖို့ သူမ မရှက်တတ်ခဲ့ပါဘူး...
ငွေကြေးမပြည့်စုံတဲ့ မိသားစုကြောင့်လည်း သိမ်ငယ်စိတ်
ရယ်လို့ မဝင်ခဲ့ပါဘူး...
အသက်အရွယ်ကြီးရင့်နေတဲ့ မိဘနှစ်ပါးနဲ့အတူ မြန်မာ့ရိုးရာမုန့်
့်လေးတွေ ခင်းကျင်းရောင်းချဖို့ကိုလည်း သူမ ရှက်စိတ်မဝင်ခဲ့
ဖူးပါ...
သူမ ဝါသနာပါရာကိုသာ စွန့်စားရွေးချယ်ခဲ့ပြီး နောင်တမရချင်ခဲ့သူပါ...
ဘယ်လိုပဲ ဘဝဆိုတာ ခက်ခဲပင်ပန်းပါစေ ဇွဲရှိရှိ ကြိုးစား
မယ်ဆိုရင် တနည်းမဟုတ်တနည်းနဲ့တော့ အောင်မြင်မှု
ရနိုင်တယ်လို့ ခံယူထားသူပါ...

Sky Net Up to Date Channel

မှတ်ချက်များ