အဆိုပါ လုယက်သူများမှ လူငယ်(၂)ဦးက ဦးသိန်းထိုက်အား ရှေ့/နောက်လူကာ၍ ကျန်(၁)ဦးမှ ၎င်း၏လက်ထဲတွင် ကိုင်ထားသောငွေများအား လုယူထွက်ပြေးသွားခဲ့သဖြင့် ပတ်ဝန်းကျင်ရှိသူများ အား ၀ိုင်းဝန်းဖမ်းဆီးပေးရန် အကူအညီတောင်းခံရာ ပတ်ဝန်းကျင်ရှိပြည်သူများနှင့် ပန်းဘဲတန်းမြို့မရဲစခန်းမှ လှည့်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များမှ ငွေများအား လုယူထွက်ပြေးသွားသူများ ကို လိုက်လံဖမ်းဆီးခဲ့ရာ ၂၃၀၀အချိန်တွင် ဒဂုံမြောက်မြို့နယ်နေ မိုးကျော်သန်း(ခ)စောမိုးကျော် (၃၁)နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်နေ စိုးကြီး(၃၂)နှစ်နှင့် သာကေတမြို့နယ်နေ ပြည့်စုံ(ခ) ဥာဏ်လင်း (၂၉)နှစ်တို့ (၃)ဦးအား ဖမ်းဆီး ရမိခဲ့ပါသည်။
ယင်းသို့ ငွေများအား လုယူထွက်ပြေးသွားသူ မိုးကျော်သန်း(ခ)စောမိုးကျော်ပါ(၃)ဦးအား ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။

မှတ်ချက်များ