ဂရမ်မီဆုပေးပွဲကို ခပ်ပြောင်ပြောင်တက်လာတဲ့ အဆိုတော်


ဂရမ်မီဆုပေးပွဲဆိုတာ ဖက်ရှင်များစွာ ပေါင်းစုံရာနေရာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုနှစ် ဆုပေးပွဲမှာ မန်နီကာကတော့ အတင်းကို လူစိတ်ဝင်စားအောင် လုပ်လိုက်သလိုပါပဲ။

ကိုယ်လုံးတီး နီးပါးဖြစ်နေတဲ့ မနီကာဟာ အပါးလွှာဆုံးဝတ်စုံကို ဝတ်လို့ ကော်ဇောနီပေါ်မှာ ဟန်ပါပါပဲ လမ်းလျှောက်လာပါတယ်။

လော့ဆန်းဂျလိစ်က Staples Center မှာ ကျင်းပတဲ့ ဂရမ်မီပွဲကို မနီကာရောက်လာပြီး နောက်ကို လှည့်လိုက်ချိန်မှာ သူမရဲ့ တင်းပြောင်နေတဲ့ တင်ပါးကို အတိုင်းသား မြင်နေရပါတယ်။

ဒီလိုပွဲမျိုးကို အတွင်းခံမဝတ်ဘဲ တက်လာဖို့ ဆုံးဖြတ်လိုက်တဲ့ အမေရိကန်အဆိုတော်မလေးဟာ ရှက်ရွံ့နေခြင်းလည်း အလျဉ်းမရှိပါဘူး။
သူမကို စိတ်ဝင်စားသူတွေထဲမှာ အဒဲလ်လည်း ပါဝင်ခဲ့ပြီး သူမကို နှစ်ခါပြန်ကြည့်သွားတယ်လို့ သိရပါတယ်။

Source & Photos : Mirror
credit: duwun

မှတ်ချက်များ