ဘာကြောင့် ချစ်တင်းနှောခြင်း ပြုလုပ်ပေးသင့်သလဲ ၊ ချစ်တင်းနှောခြင်းမှာ သင့်အတွက် ကောင်းကျိုးတွေ ရှိနေပါတယ်။
1. တစ်နေ့တစ်ကြိမ် ချစ်တင်းနှောခြင်းဖြင့် ကျန်းမာစေ
တစ်နေ့တစ်ကြိမ် အနည်းဆုံး ချစ်တင်းနှောခြင်းမှာ မရေမတွက်နိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ် ။ ချစ်တင်းနှောခြင်းဟာ ကိုယ်ကာယ အားကစားပြုလုပ်သလိုပဲ ကျန်းမာရေးကို ကောင်းမွန်စေပါတယ် ။ အထူးသဖြင့် သင့်ကို ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထောက်အကူ ပြုသလို ခန္တာကိုယ် ကြွက်သားတွေ ပိုမိုကြံခိုင်ကာ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။
2. လက်တွဲဖော်နှင့် ပိုမိုရင်းနှီးမှုရနိုင်
ချစ်တင်းနှောခြင်းက သင်နဲ့ သင့်အဖော် နှစ်ဦးလုံးကို တစ်သားတည်း ဖြစ်စေမှာပါ။
3. အသားအရေ ပိုကောင်းစေ
ချစ်တင်းနှောခြင်းဟာ ခန္တာကိုယ်က သွေးလည်ပတ်မှုကို ပိုမိုအားကောင်းစေပြီး အသားအရေ ကို အောက်ဆီဂျင်ပိုမို ရရှိစေကာ ကြည်လင်တောက်ပစေပြီး ကြည့်လို့ကောင်းစေမှာ အမှန်ပါပဲ ။
4. စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်
ချစ်တင်းနှောခြင်းဟာ ခန္တာကိုယ် လေ့ကျင့်ခန်း တစ်မျိုးလည်း ဖြစ်တာမို့ ခန္တာကိုယ်က endorphin ကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီဓါတ်က စိတ်ငြိမ်သက်ခြင်း ၊ သက်သောင့်သက်သာရှိခြင်းနဲ့ ပိုမိုပျော်ရွှင်စေကာ စိတ်ဖီစီးမှုကို လျှော့ချပေးနိုင်ပါတယ် ။
5. ဉာဏ်ရည် ထက်မြတ်စေ
ချစ်တင်းနှောခြင်းဟာ ဦးနှောက်သွေးလည်ပတ်မှုကို အားကောင်းစေပြီး အောက်စီဂျင်နဲ့ အာဟာရ ဖွံဖြိုးမှုကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ် ။ ဒီကနေပဲ ဦးနှောက်မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေတာ ဖြစ်ပါတယ်။
myanbuzz
Ref : popsugar

မှတ်ချက်များ