အင်စတာဂရမ်မှာ ကျော်ကြားနေတဲ့ ကြောင်လေး
တစ်ကိုယ်လုံးဖြူဆွတ်ပြီး ၀ိုင်းစက်တဲ့ အပြာရောင်မျက်လုံးတွေ ပိုင်ဆိုင်ထားတဲ့ ကြောင်လေးဟာ အချိန်အနည်းငယ်အတွင်း အွန်လိုင်းမှာ ကျော်ကြားလာခဲ့ပါတယ်။
Coby လို့ အမည်ပေးတဲ့ ဒီကြောင်ကလေးဟာ ၂၀၁၅ ခုနှစ် ဇွန်လက လူမှုကွန်ယက်စာမျက်နှာပေါ် ရောက်လာတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အင်စတာဂရမ်မှာ အားပေးသူ ၂၇၉၀၀၀ ၊ ဖေ့ဘွတ်မှာ Like လုပ်သူ ၃၀၀၀ ကျော် ရှိပါတယ်။
ကြောင်တွေထဲမှာ နှင်းပွင့်တွေလို ဖြူဆွတ်နေပြီး အပြာရောင်မျက်လုံးရှိတာ တော်တော်ရှားပါးတယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။
Ref:Dailymail
Nz (ရိုးရာလေး)



မှတ်ချက်များ