![]() |
| ၀န်ကြီးဟောင်း ဦးဆန်းဆင့် (ဓာတ်ပုံ - ဇေနွေထွန်း) |
‘‘အချက်အလက်တွေ ကြည့် ရင်တော့ ပုဒ်မအရ အကျုံးဝင်နေတယ်။ သူကလည်း မတရားခံရ တာပေါ်လွင်နေတာ သေချာတယ်။ဒါကြောင့် နိုင်ကျဉ်းစာရင်းထဲမှာ ထည့်၊ မထည့်ဆိုတာတော့ စဉ်း စားသင့်တယ်။ လက်ရှိမှာတော့ စာရင်းထဲမှာ မပါသေးပါဘူး’’ဟု နိုင်ငံရေးအကျဉ်းသားများ စောင့် ရှောက်ရေးအဖွဲ့(AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
အဆိုပါကိစ္စသည် လက်ရှိ အစိုးရသစ်က ထည့်သွင်းစဉ်းစား သင့်သော အကြောင်းအရာဖြစ်ပြီး ဦးဆန်းဆင့်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရေးသည် အစိုးရအဖွဲ့က အဓိကဆုံးဖြတ်လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း ၎င်းကပြောသည်။
ဦးဆန်းဆင့်ကို နိုင်ငံရေး အ ကျဉ်းသားများစာရင်းတွင် ထည့်သွင်းပေးရေးအတွက် သက်ဆိုင် ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့က အဆိုပါ ကိစ္စရပ်သည် အစိုးရအဖွဲ့ဝင်အ ချင်းချင်းဖြစ်သည့် ကိစ္စဖြစ်သဖြင့် နိုင်ငံရေးအကျဉ်းသားများစာရင်း ၌ ထည့်သွင်းမပေးနိုင်ဟု အကြောင်းပြန်ခဲ့ကြောင်း ဦးဆန်းဆင့်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီးခံရသည့် အကျဉ်းသားများကို မြန်မာနှစ်ဆန်းတစ်ရက်ဖြစ် သော ဧပြီ ၁၇ ရက်တွင် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ်ကျခံ နေရသည့် ၀န်ကြီးဟောင်းဦးဆန်း ဆင့်ပါဝင်လာခြင်း မရှိပေ။
သာသနာရေးဝန်ကြီးအဖြစ် ဦးဆန်းဆင့်တာဝန်ထမ်းဆောင် နေစဉ် ၂၀၁၄ ဇွန်လ ၁၉ ရက်က နိုင်ငံပိုင်ငွေအလွဲသုံးသည့်အမှုဖြင့်ဖမ်းဆီးခေါ်ဆောင်စစ်ဆေးခဲ့ပြီး မကြာမီတွင် နိုင်ငံတော်အကြည် ညိုပျက်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄(က)ဖြင့်ပါ ထပ်မံတရား စွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဦးဆန်းဆင့်အရေးယူခံရသည့်ကာလတွင် ပထမအကြိမ်ပြည်သူ့လွှတ်တော် သက်တမ်းအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စရပ်သည် သေချာလေ့လာသုံး
သပ်သင့်သော အခြေအနေဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ဆိုသည်မှာ ကျယ်ပြန့်သောကိစ္စရပ်ဖြစ်၍ တစ်နိုင်ငံလုံးက ယခုကိစ္စရပ်ကို သေသေချာချာဝိုင်းဝန်း သုံးသပ်လေ့လာ သင့်ကြောင်း ပြောကြားခဲ့ဖူးသည်။
‘‘နိုင်ငံတော် အကြည်ညိုပျက် စေမှုဆိုတာ ဘာပြောလို့လဲ၊ ဘာ လုပ်လို့လဲ။ ဒါကိုဥပဒေကနေ ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲ။ နိုင်ငံ တော်အကြည်ညိုပျက်စေမှုနဲ့ အ စိုးရအဖွဲ့တွေကို ဝေဖန်မှုက မတူ ဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က ထိုအချိန်ကာလက မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နိုင်ငံပိုင်ငွေအလွဲသုံးမှု၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုတို့ဖြင့် နေပြည်တော်ဒက္ခိဏသီရိခရိုင် တရားရုံးက ထောင် ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေကျပ်တစ်သိန်း ကျခံစေရန် ၂၀၁၄ အောက်တိုဘာ ၁၇ ရက် နံနက်က အမိန့်ချမှတ်ခဲ့သည်။
မင်းဟိန်းကျော် - 7day

သမတကိုဖမ်းဆီးပြီးထောင်ထဲထည့် ခဲ့ တဲ့ လူတယောက်ကို..ဘယ်လိုလုပ်ပြီးလျွှတ်ဖို့ စရင်းထဲထည့် လို့ ရမလဲး...သူတို့ အချင်းချင်းဖြစ်ကြတာ..ဇာတ်လမ်းတွေကရှုတ်ထွေးနေတာ..ဒါကိုနိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်မှာလား...ဒါပေမဲ့ ပြစ်ဒဏ်ကိုတော့ရှော့ ပေါ့ သင့် တယ်..၁၃နှစ်ကများလွန်းအားကြီးတယ်..
ReplyDeleteLwin Pyin အဖွဲ့သားများ မင်္ဂလာပါ.... Healthcare.com.mm က ပါ... လူကြီးမင်းတို့အနေနဲ့
ReplyDeleteကျွန်မတို့ Page က ဆောင်းပါး အချို့ ကို ပြန်လည် ဖော်ပြတာကို တွေ့ရပါတယ်...
အများပြည်သူဆီကို ပေးချင်တဲ့ ကျန်းမာရေးအသိပညာတွေ ပိုထိရောက်စေတဲ့အတွက် ဝမ်းသာပါတယ်... ဒါပေမယ့် ပြန်လည် ဖော်ပြပေးတဲ့အခါ ကျွန်မတို့ Page မှာ တင်ထားတဲ့ ဆောင်းပါး မူရင်းပုံကို ပြန်လည် ပြင်ဆင်ခြင်း (Crop) မလုပ်ဘဲ ဖော်ပြပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်
Healthcare.com.mm