သင့်ကလေးအရပ် ဘယ်လောက်ထိ ရှည်လာမလဲဆိုတာ ခန့်မှန်းနိုင်မယ့် ဖော်မြူ လာ
သင့်ကလေး အရွယ်ရောက်လာတဲ့အခါ အရပ်ဘယ်လောက်ရှိမလဲဆိုတာ သိလိုပါသလား။ သင့်ကလေးရဲ့ အရပ်အမြင့်ကို ခန့်မှန်းနိုင်မယ့် လွယ်ကူတဲ့ သချာင်္ပုံသေနည်း တစ်ခု ရှိပါတယ်။ ဒီပုံသေနည်းကို ၁၉၇၀ ခုနှစ်ကတည်းက သုံးစွဲခဲ့တာဖြစ်ပြီး တော်တော်များများကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့တယ်လို့ New York Times သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ဒါက မျိုးဗီဇအရ တွက်တာဖြစ်ပြီး လူတစ်ယောက်ရဲ့ အရပ်ကို လွှမ်းမိုးနိုင်တဲ့ အာဟာရလို သက်ရောက်မှုအချို့ ရှိတာကိုတော့ သိရှိထားရမှာ ဖြစ်ပါတယ်။ဒီနည်းနဲ့ ကလေးငယ်ပေါင်း ၈၇၉၈ ယောက်ကို လေ့လာတဲ့အခါမှာ ယောက်ျားလေး ၇၈ ရာခိုင်နှုန်းနဲ့ မိန်းကလေး ၇၅ ရာခိုင်နှုန်း မှန်ကန်တာကို တွေ့ရှိခဲ့ပါတယ်။
လူတစ်ယောက်ရဲ့ အရပ်ကို အစာ စားသောက်ပုံ၊လေ့ကျင့်ခန်းလုပ်တာတွေက သက်ရောက်မှုရှိစေတဲ့အတွက် ဒီမျိုးဗီဇအရတွက်ချက်မှုကို သိထားခြင်းက အရပ်ရှည်ဖို့ လိုအပ်တဲ့ ကလေးတွေအတွက် ပံ့ပိုးမှုတွေ လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ယောက်ျားလေးတွေအတွက် ပုံသေနည်းကတော့ အမေနဲ့ အဖေနှစ်ယောက်ရဲ့ အရပ်ကိုပေါင်း၊ ပြီးရင် ၅ လက်မ(၁၃ စင်တီ)ထပ် ပေါင်းထည့်ပြီး ၂ နဲ့ပြန်စားပါ။ မိန်းကလေးတွေအတွက်ကတော့ အမေနဲ့ အဖေနှစ်ယောက်ပေါင်း အရပ်ထဲက ၅ လက်မ(၁၃ စင်တီ) နှုတ်ပြီး ၂ နဲ့ စားပါ။
အရပ်အမြင့်ကိုတွက်တဲ့ နာမည်ကျော် နောက်တစ်နည်းကတော့ ယောက်ျားလေးဆိုရင် နှစ်နှစ်အရွယ်က အရပ်ကို နှစ်ဆတိုး၊ မိန်းကလေးဆိုရင် ၁၈ လအရွယ်က အရပ်ကို နှစ်ဆတိုးပြီး ၄ လက်မ ပေါင်းရင် လူကြီးအရွယ်မှာ ရောက်မယ့် အရပ်ကို ရနိုင်ပါတယ်တဲ့။
Ref:dailymail.co.uk
ခင်သူဇာ - Trend Myanmar

မှတ်ချက်များ