![]() |
| ဓာတ်ပုံ - ရိုက်တာ |
၁၉၇၂ ခုနှစ် ပါကစ္စတန်နိုင်ငံကနေ ခွဲထွက်ရေး လွတ်လပ်ရေး ကြိုးပမ်းမှု စစ်ပွဲအတွင်းမှာ အစုလိုက်အပြုံလိုက် သေစေမှု၊ မုဒိမ်းမှု၊ ပညာတတ်တွေကို သတ်ဖြတ်မှု စတဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်လို့ စီရင်လိုက်တာလို့ ဥပဒေ၀န်ကြီးဌာနကက ပြောပါတယ်။
အသက် ၇၃ နှစ်အရွယ် နစ်ဇာမီဟာ ဂျာမတ်အီးအစ္စလာမီ ပါတီရဲ့ ခေါင်းဆောင်ဖြစ်ပြီး သေဒဏ်ချမှတ်ထားတဲ့ အယူခံကို ဗဟိုတရားရုံးက ငြင်းပယ်ခဲ့အပြီးမှာ ဒါကာ ဗဟိုအကျဉ်းထောင်မှာ ကြိုးပေးလိုက်တာ ဖြစ်ပါတယ်။
ဒီလိုကြိုးပေးမှုကြောင့် ထောက်ခံသူတွေက ဒေါသတကြီး တုံ့ပြန်ခံရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။
ဒီအတွက် ထောင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့တွေကိုလည်း ဒါကာနဲ့ တခြားမြို့ကြီးတွေမှာ ချထားပြီး လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။
DVB

မှတ်ချက်များ