ပေါင်၂၁၀လောက်ရှိတဲ့အလုံးကြီးကို အမျိုးသမီးတစ်ဦး၏ဗိုက်ထဲမှအောင်မြင်စွာခွဲစိတ်ထုတ်ယူ
ဒီဖြစ်ရပ်ကတော့ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး မယုံနိုင်လောက်အောင် အံသြဖို့ကောင်းပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာနေထိုင်တဲ့ Kamlesh Deviဆိုတဲ့အသက် ၄၅နှစ်အရွယ် အမျိုးသမီးဟာ ပေါင်၂၁၀ခန့်ရှိတဲ့ အကျိတ်ကြီးနဲ့၅နှစ်အကြာနေထိုင်ခဲ့ရပြီးနောက်ပိုင်းမှာတော့ အောင်မြင်စွာခွဲစိတ်ခံနိုင်ခဲ့ပြီဖြစ်ပါတယ်။
သူမဟာ အရင်ကတည်းက ဆရာဝန်ကိုသွားပြချင်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူက တားဆီးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကဆေးကုသမှုကုန်ကျစရိတ်ကို မတတ်နိုင်လို့ ဇနီးကို ဆေးခန်းလိုက်မပိုပေးခဲ့ပါဘူး။ ဇနီးဖြစ်သူကလည်း အရမ်းနာကျင်စွာခံစားပေမယ့် ခင်ပွန်းသည်ရဲ့ အလိုဆန္ဒအရ ဆေးရုံကို မသွားခဲ့ပါဘူး။ ဒီလိုနဲ့၅နှစ်ကြာအောင်နေလာခဲ့ပြီး လွန်ခဲ့တဲ့၆လက ခင်ပွန်းဖြစ်သူဟာ ဆုံးပါးသွားခဲ့ပါတယ်။ ဒါ့ကြောင့် သူမဟာ ဆရာဝန်ကိုပြကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူမအတွက် ဆေးရုံက အလကားခွဲစိတ်ပေးခဲ့ပါတယ်။ ဆရာဝန်တွေဟာ ၃နာရီအကြာခွဲစိတ်မှုအပြီးမှာတော့ လူကောင်ကြီးကြီးတစ်ယောက်ရဲ့အလေးချိန်နီးပါးရှိတဲ့ အကျိတ်ကြီးကို ခွဲထုတ်နိုင်ခဲ့ပါတယ်။ ဆရာဝန် Dr A S Jaggiက “သူဆေးရုံကိုလာကတည်းက တော်တော်လေးခံစားနေရပုံပါပဲ။ ဒီထက်နောက်ကျရင် သူသေဖို့များပါတယ်။ အခုတော့သူမ နေပြန်ကောင်းလာပြီး သက်သာလာနေပါပြီ။ ကျွန်တော့် ဘဝတစ်ယောက် ဒီလောက်ကြိးမားတဲ့ အကျိတ်မျိုးကိုတစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ အရှည်အားဖြင့် ၃ပေလောက်ရှည်ပြီး အကျယ်အားဖြင့် ၂ပေလောက်ရှိပါတယ်။ တော်တော်ကိုကြီးမားပါတယ်။ အခုတော့ ဒီအကျိတ်ကြီးကို ဓာတ်ခွဲခန်းမှာ လေ့လာနေပါတယ်’လို့ပြောကြားခဲ့ပါတယ်။
Source: mirror
Shwemom



မှတ်ချက်များ