ကိုယ်မရှိတုန်း ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်အိပ်ယာပေါ်မှာ ဖောက်ပြန်နေသလားဆိုတာ သိနိုင်မယ့် မွေ့ယာ
သင့် ဇနီး/ခင်ပွန်းက ကိုယ်အိမ်မှာ မရှိတဲ့အချိန်မှာ တခြားတစ်ယောက်ယောက်ကို ခေါ်ပြီး အတူအိပ်နေသလားဆိုတာကို သိနိုင်မယ့် အာရုံခံ မွေ့ယာတစ်ခုကို စပိန် နိုင်ငံမှ Durmet ကုမ္ပဏီက တီထွင်ခဲ့ပါတယ်။
အခုခေတ်မှာ ဖောက်ပြန်မှုတွေများလာတဲ့အတွက် စိတ်မအေးရတဲ့သူတွေ အများကြီးရှိပါတယ်။ မီဒီယာမျိုးစုံကနေလည်း ဖောက်ပြန်မှု သတင်းအမျိုးမျိုးကို မကြာခဏ ကြားနေရတဲ့အတွက် ကိုယ်တိုင်လည်း ဖောက်ပြန်ခံရမှာကို စိုးရိမ်တဲ့သူတွေ ရှိလာတာကြောင့် ချစ်သူရှာဖွေမှု စနစ်လို့ အမည်ပေးထားတဲ့ စနစ်ကိုသုံးပြီး တီထွင်ထားတာဖြစ်ပါတယ်လို့ Durmet ကုမ္ပဏီက ပြောပြခဲ့ပါတယ်။
မွေ့ယာရဲ့ စပရိန်ထဲမှာ တုန်ခါမှုကို ရှာဖွေတဲ့ အာရုံခံ ပစ္စည်းတွေနဲ့ ချစ်တင်းနှောတဲ့ သဘာဝကိုပါ သိစေနိုင်မယ့် တခြား အာရုံခံ ပစ္စည်းတွေလည်းထည့်သွင်းထားပါတယ်။ ပြီးတော့ တစ်မိနစ်အတွင်း မွေ့ယာကို ထိတွေ့တဲ့ အကြိမ်ပေါင်း၊ပြင်းအား စတဲ့အသေးစိတ် အချက်အလက်တွေကို မွေ့ယာကတဆင့် သင့်ဖုန်းဆီကို ပို့ပေးနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ယာပေါ်မှာ အတူနေတဲ့ ကြာချိန်ကိုပါ သိနိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Durmet နည်းပညာအသစ်ကြောင့် သင့်ဇနီး/ခင်ပွန်းရဲ့ ဖောက်ပြန်မှုကို အနည်းဆုံးတော့ သင့်အိမ်က မွေ့ယာသိပြီး သင့်ကို အကြောင်းကြားနိုင်အောင် ဖန်တီးထားနိုင်ပြီ ဖြစ်ပါတယ်။
လူတွေကို သူတို့ ရိုးရိုးသားသားသာ အိပ်ပျော်နေခဲ့တာမှန်ရင် ကိုယ့်အိမ်ထောင်ဖက်က စောင့်ကြည့်နေခဲ့တယ်ဆိုရင်လည်း ကိုယ့်သစ္စာတရားကို မှတ်ကျောက်တင်တဲ့ သဘောသာဖြစ်လို့ ကျင့်ဝတ်ဖောက်ဖျက်တာမျိုး မဖြစ်ပါဘူးလို့ ဆိုထားပါတယ်။ဒီ မွေ့ယာမျိုး မှာယူချင်တယ်ဆိုရင် ဒေါ်လာ ၁၈၀၀ နဲ့ ကြိုတင် မှာယူနိုင်ပြီ ဖြစ်ပါတယ်။
Ref:sheknows
ခင်သူဇာ - Trend Myanmar

မှတ်ချက်များ