အပျို လူပျိုစစ်စစ် ဘဝကို ထိန်းသိမ်းခဲ့တဲ့ ကျော်ကြားသူများ

တရားဝင် လက်ထပ်ထိမ်းမြားမှု မပြုမီအထိ အပျိုစင်ဘဝ၊ လူပျိုဘဝကို ထိန်းသိမ်းထားခဲ့ကြတယ်လို့ ဆိုပါတယ်။

အက်ဒရီနာ လီမာ


နာမည်ကြီး Victoria's Secret မော်ဒယ် အက်ဒရီနာ လီမာက သူမရဲ့ အပျိုစင်ဘဝကို လက်ထပ်တဲ့အချိန်အထိ ထိန်းသိမ်းထားမယ်လို့ အခိုင်အမာ ပြောကြားခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမက ၂၀၀၉ ခုနှစ်မှာ ဘတ်စကက်ဘော ကစားသမား မာကိုနဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ တရားဝင် ကွာရှင်းခဲ့ပါတယ်။

ဂျူလီယန်နီ ဟုဂ်ျ



သူမက Dancing With The Stars ဆုရှင်ဖြစ်ပြီး လက်မထပ်မီ အပျိုစင်အဖြစ် ထိန်းသိမ်းထားမယ်လို့ အလေးအနက် ပြောထားခဲ့သူပါ။

တမ် တီဘိုး


အမေရိကန်ဘောလုံးစတား ဖြစ်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး တစ်စုံတစ်ဦးကို လက်မထပ်မီအထိ လူပျိုစစ်စစ်ဘဝကို ထိန်းသိမ်းထားမယ်လို့ ဆိုပါတယ်။

ဂျော်ဒင် စပါ့ခ်


American Idol စင်မြင့်မှတစ်ဆင့် အဆိုတော်၊ ရုပ်ရှင်မင်းသမီးအဖြစ် အောင်မြင်လာခဲ့တဲ့ ဂျော်ဒင် စပါ့ခ်ဟာ American Idol သီချင်းဆိုပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ အသက် ၁၇ နှစ် မတိုင်မီအထိ အပျိုစင်ဘဝကို ထိန်းသိမ်းခဲ့သူလို့ ဆိုပါတယ်။

ဂျက်ဆီကာ ဆင်မ်ဆမ်


ဂျက်ဆီကာ ဆင်မ်ဆမ်ဟာလည်း သူမရဲ့ အသက် ၂၃ နှစ်အရွယ်မှာ နစ်ခ်နဲ့ လက်ထပ်ခဲ့တဲ့ အချိန်မတိုင်မီအထိ အပျိုစင်အဖြစ် ထိန်းသိမ်းနေထိုင်ခဲ့သူ ဖြစ်ပါတယ်။

ရှောင်လိုဝီ


တီဗီဇာတ်လမ်းတွဲ စတား ရှောင်လိုဝီက သူ လက်မထပ်မချင်း လူပျိုစစ်စစ် ဖြစ်နေစေရမယ်လို့ အခိုင်အမာ ပြောကြားထားသူပါ။

ဟီလာရီ ဒပ်ဖ်


ချောမောလှပတဲ့ အဆိုတော်၊ မင်းသမီး ဟီလာရီ ဒပ်ဖ်ဟာ အပျိုစင်ဘဝကို သူမ လက်ထပ်တဲ့အချိန်အထိ ထိန်းသိမ်းထားနိုင်ခဲ့ပါသတဲ့။

ကာရီ အန်ဒါဝုဒ်



Idol နဲ့ ကန်းထရီးစတား တစ်ယောက်ဖြစ်တဲ့ ကာရီ အန်ဒါဝုဒ်ဟာလည်း သူမရဲ့ အပျိုစင်ဖြစ်မှုကို လက်ထပ်တဲ့အချိန်အထိ ထိန်းသိမ်းထားနိုင်ခဲ့သူပါ။ အခုတော့ ကလေးအမေတစ်ယောက် ဖြစ်နေပါပြီ။

Source & Photo: RAVEY
duwun

မှတ်ချက်များ