၂၂ဘီးယာဉ်ကြီးက လိုင်းကားဒိုင်နာယာဉ်ကို နောက်ကဝင်တိုက်မှုကြောင့် ခရီးသည်တစ်ဦးသေဆုံး
နေပြည်တော် တပ်ကုန်းမြို့ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၂၇၉/ဝ )နှင့် (၂၇၉/၁)အကြား၊ လမ်းခွဲနေရာတွင် မေ ၁ဝ ရက် နံနက် ၆ နာရီခွဲခန့်က ရမည်းသင်းဘက်မှ ပျဉ်းမနားဘက်သို့ မောင်းနှင်လာသော 7K /---- နီဆန်း ၂၂ဘီး နောက်တွဲယာဉ် သည် ရှေ့မှ ယာဉ်မောင်းချစ်ဝင်းထွန်း (၃၇နှစ်) ရမည်းသင်းမြို့နေသူ မောင်းနှင် သော 8A/----ဒိုင်နာ (မိတ္ထီလာ-တောင်ငူ) ယာဉ်၏ နောက်ပိုင်းကို ဝင်ရောက်တိုက်မိရာ ဒိုင်နာယာဉ်ပေါ်မှ ခရီးသည် ဦးဗူးသီး( အသက် ၆ဝ) ရွှေဒါး ကျေးရွာ ရမည်းသင်းမြို့နေသူမှာ နေရာ တွင်သေဆုံးသွားပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီး ကိုးဦး ဒဏ်ရာများရရှိခဲ့သဖြင့် ခုတင်(၁ဝဝ)ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
နောက်မှဝင်တိုက်သော နောက်တွဲ ယာဉ်သည် တပ်ကုန်းမြို့ သပြေချောင်း ကျေးရွာအနီးတွင် နောက်တွဲယာဉ်ကို ရပ်တန့်၍ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ဆက်လက် အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
တင်ထွန်းတာ(တပ်ကုန်း)
Myanmaalinn

မှတ်ချက်များ