Zawgyi ဖြင့်ဖတ်ရန်
(၁) ဒိုက်ထိုးပါ
(၂)  dumbbell မပေးပါ
(၄) နံရံဖိ လေ့ကျင့်ခန်း
အလွန် ကောင်းပါတယ်။
ပျက်ဆီးစေနိုင်ပါတယ်။
Unicode ဖြင့်ဖတ်ရန်
သေးငယ်လွန်းတဲ့ရင်သားပိုင်ရှင်တွေအတွက် ခွဲစိတ်စရာမလိုပဲ ကြီးထွားလာစေမယ့်နည်းလမ်းများ
မိန်းကလေးတစ်ယောက်အနေနဲ့ သေးငယ်လွန်းတဲ့ ရင်သားအတွက် စိတ်ပူနေပါသလား … ? စိတ်မပူပါနဲ့။ ရင်သားကိုဆေးမထိုး၊ မခွဲစိတ်ပဲ ကြီးထွားစေ တဲ့နည်းတွေ ရှိပါတယ်။ ဒီတော့ အောက်ပါ အချက်(၈) ချက်ကို သေချာပေါက် လုပ်စေချင်ပါတယ်။ သင့်ရဲ့ ရင်သားအလှဟာ သူများတွေထက် ထူးခြားလှပစေပါလိမ့်မယ်။
(၁) ဒိုက်ထိုးပါ
ဒိုက်ထိုးခြင်းဟာ လက်မောင်းကြွက်သားတွေ၊ ခြေထောက်ကြွက်သားတွေကို သန်စွမ်းစေရုံသာမက ရင်သားကြွက်သားတွေကိုလည်း ကောင်းကောင်းဖွံ့ဖြိုးစေပါတယ်။
(၂)  dumbbell မပေးပါ
dumbbell မတယ်ဆိုတာကလည်း အလေးမတာပါဘဲ။ ဒါပေမယ့် လက်မောင်းကြက်သွား လေ့ကျင့်ခန်းဖြစ်ပါတယ်။အလေးမခြင်းကလည်း ရင်သားကြီးလို သူတွေအတွက် အကျိုးမဲ့ မဖြစ်စေပါဘူး။ ဒါ့အပြင် လက်ပြင်ကြွက်သားအလှကိုလှပစေပြီး ခန္ဓာကိုယ်ကိုလည်း သွယ်လှစေပါတယ်။
(၃) dumbbell ကို ငှက်တောင်ပံခတ်ပုံစံ မပေးပါ
dumbbell မတယ်ဆိုတာကလည်း အလေးမတာပါဘဲ။ ဒါပေမယ့် လက်မောင်းကြက်သွား လေ့ကျင့်ခန်းဖြစ်ပါတယ်။
အလေးမခြင်းကလည်း ရင်သားကြီးလို သူတွေအတွက် အကျိုးမဲ့ မဖြစ်စေပါဘူး။ ဒါ့အပြင် လက်ပြင်ကြွက်သားအလှကို
လှပစေပြီး ခန္ဓာကိုယ်ကိုလည်း သွယ်လှစေပါတယ်။
(၄) နံရံဖိ လေ့ကျင့်ခန်း
ဒိုက်ထိုးတဲ့ ပုံစံပါဘဲ။ ဒါပေမယ့် ဒါက ပိုပြီး သက်တောင့်သက်သာရှိပါတယ်။ ပုံစံက လက်နှစ်ဘက်ကို နံရံမှာထောက်ပြီး ခန္ဓာကိုယ်ကို ဒိုက်ထိုးတဲ့ပုံစံ နိမ့်ချည်မြင့်ချည်လုပ်ခြင်းပါ။ သက်တောင့်သက်သာရှိတယ်ဆိုပေမယ့် ရင်သားအတွက်
အလွန် ကောင်းပါတယ်။
(၅) အစားအစာကို ဆင်ခြင်ပါ
အစားရှောင်ခိုင်းခြင်း မဟုတ်ပါ။ အသီးအရွက်ကို များများစားပေးပါ။ ကယ်လိုရီနည်းပါတဲ့ အစာကို ရွေးစားပါ။ လေ့ကျင့်ခန်း လုပ်ရတာ မပျင်းပါနဲ့၊ estrogen ပါတဲ့ အစားအစာတွေကို များများ သုံးဆောင်ပါ။ estrogen ဓာတ်ဟာ မိန်းမဟိုမုန်းဖွံ့ဖြိုးမှုကို အားပေးပြီး ရင်သားအလှအပြင် အခြားအလှအပတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ estrogenများစွာ ပါဝင်တဲ့အစားအစာတွေကတော့ အသီးအရွက်မျိုးစုံ၊ ပဲ၊ သစ်ဥမျိုးစုံ၊ အသီးမျိုးစုံနဲ့ နွားနို့တို့ ဖြစ်ပါတယ်။
(၆) phytoestrogen ပါတဲ့ အစားအစာကိုလည်း စားပေးပါ
phytoestrogen ဓာတ်ဟာ မိန်းမတွေရဲ့ လိင်စိတ်ကို နိုးထစေနိုင်ပါတယ်။ ဒီလိင်စိတ်ကြောင့်ပဲ အထီး-အမ ကွဲပြားမှုရှိပြီးယောက်ျားလျှာ/မိန်းမလျှာ စသည်တို့မှာတော့ phytoestrogen ဓာတ် ထွက်တာ အတော်လေးနည်းပါတယ်။ phytoestrogen ကြွယ်ဝတဲ့ အစားအသောက်တွေကိတော့ ပဲမျိုးစုံ၊ အသီးမျိုးစုံ၊ ပြောင်းဖူး၊ ဂျုံမျိုးနွယ်ဝင် သီးနှံတွေဖြစ်ပါတယ်။
(၇) estrogen  ဆေးပြား သောက်ခြင်းကို ရှောင်ကြဉ်ပါ
estrogen ဆေးပြားဟာ ဘေးထွက်ဆိုးကျိုးတွေ များပါတယ်။ အထူးရှောင်ရှားသင့်ပြီး အမျိုးသမီးတွေရဲ့ကျန်းမာရေး
ကို ထိခိုက် စေနိုင်ပါတယ်။
(၈) မိမိနဲ့ သင့်တော်တဲ့ ဘရာကိုသာ ဝတ်ဆင်ပါ
အချို့က ကိုယ်နဲ့မတော်တဲ့ ဘရာ မျက်စိထဲ လှတယ်ဆိုတာနဲ့ ဝတ်လိုက်ကြတာမျိုး ရှိပါတယ်။ ဒါဟာ ရင်သားအလှကို
ပျက်ဆီးစေနိုင်ပါတယ်။
Credit : Myo Myo (auntymay)
မှတ်ချက်များ