ခ်စ္သူ ႏွစ္ ေယာက္ၾကားမွာ လိင္ကိစၥနဲ႔ ဖန္တီးဖို႔မလိုဘဲ ပိုမိုရင္းႏွီးသြားေစမယ့္အရာမ်ား




Zawgyi ျဖင့္ဖတ္ရန္


လိင္မႈကိစၥနဲ႔ အခ်စ္ကိစၥနဲ႔ကို တစ္ျခားဆီဟု ကြၽန္ေတာ္ မဆိုလိုပါ။ ဒါေပသည့္ တကယ့္အခ်စ္စစ္ဆိုသည္မွာ အလြန္နက္ရႈိင္း သည့္ သံေယာဇဥ္ Deep Attachment မွ လာျခင္းေၾကာင့္ပင္။ ဒါ့အျပင္ လိင္ကိစၥကို အေျခခံသည့္ အခ်စ္ေရးသည္ လွ်င္ျမန္စြာ ၿငီးေငြ႕လြယ္ၾကသည္လို႔ စိတ္ပညာရွင္တစ္ဦးက ဆိုပါတယ္။ အဘယ့္ေၾကာင့္ဆိုသည္ လိင္မႈကိစၥကို လူေတြက ရႏိုင္သမွ် အသစ္ကို ပိုၿပီးေတာင့္တၾကေသာေၾကာင့္ ေရရွည္မွာ ၿငီးေငြ႕သြားၾကျခင္းဟု ဆိုထားပါတယ္။ ဒီေတာ့ ခ်စ္သူ ႏွစ္ ေယာက္ၾကားမွာ လိင္ကိစၥနဲ႔ ဖန္တီးဖို႔မလိုတဲ့ ပိုမိုရင္းနီးေအာင္ လုပ္တဲ့နည္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

(၁) ေႏြးေထြးပ်ဴငွာေသာ အထိအေတြ႕

ခ်စ္သူနဲ႔ ေန႔စဥ္ လက္ပြန္းတတီး ေနပါ။ အထိအေတြ႕ဟာ စကားလုံးေတြထက္ ပိုထိေရာက္ပါတယ္။ တစ္ေယာက္ကို တစ္ေယာက္၊ ေပြ႕ဖက္ျခင္း၊ ေဖးမျခင္း၊ ေပြ႕ခ်ီျခင္း၊ သိုင္းဖက္ျခင္းစတဲ့ ကိုယ္အမူအယာ ႏွီးႏြယ္ဆက္ဆံမႈေတြဟာ ခ်စ္သူခ်င္း ရင္းနီးမႈကို ပိုတိုးေစပါတယ္။

(၂) နမ္းပါ


မူလေဆာင္းပါးထဲမွာေတာ့ နမ္းတဲ့အခါတိုင္း တစ္ခါမွ မနမ္းဖူးေသးတဲ့ ပုံစံမ်ိဳးနဲ႔ နမ္းပါလို႔ အႀကံေပးထားပါတယ္။ အနမ္းဟာ ခ်စ္သူတို႔ဘဝမွာ မကင္းစေကာင္းေပ။ နမ္းလို႔ရတဲ့ ေနရာမွန္သမွ် နမ္းသာ နမ္းၾကေပေတာ့။ အနမ္းက အထိအေတြ႕ထက္ ပိုတဲ့ ရင္းနီးမႈကို ေပးပါတယ္။

(၃) တစ္ေယာက္ကိုတစ္ေယာက္ မွီအိပ္တဲ့အက်င့္ ရွိၿပီလား
ကားအတူတူ စီးတဲ့အခါ၊ တီဗြီၾကည့္ေနရင္း၊ ေနလည္ပိုင္း အားလပ္ခ်ိန္မ်ိဳးမွာ ခ်စ္သူရဲ႕ ရင္ခြင္ထဲကို တိုးေဝွ႔အိပ္ဖူးၿပီလား၊ ခ်စ္သူရဲ႕ လက္ေမာင္းေပၚမွာ အိပ္ဖူးၿပီလား၊ ခ်စ္သူရဲ႕ ရင္ဘက္ေပၚ၊ ေပါင္ေပၚမွာ အိပ္ဖူးၿပီလား၊ မအိပ္ဖူးေသးရင္ အိပ္ၾကည့္ပါ။ သင္တို႔ခ်င္း ရင္းနီးမႈအေျခအေန ဘယ္ေလာက္တိုးတက္လာသလဲဆိုတာ ျမင္ရမွာပါ။

(၄) မ်က္ဝန္းခ်င္းဆိုင္ၿပီး စကားေျပာတဲ့အက်င့္ လုပ္ပါ

ခ်စ္သူနဲ႔ စကားေျပာတဲ့အခါ မ်က္ဝန္းခ်င္းေတ့ေတ့ဆိုင္ဆိုင္ ၾကည့္ၿပီး၊ စကားေျပာရတာကိုက ဖီးလ္တစ္မ်ိဳးပါဘဲ။ တစ္ခ်ိဳ႕ဆို မိေတြ လစ္တုန္း ခိုးေတြ႕ရတာ၊ မ်က္ဝန္းေလး ၾကည့္ၿပီး စကားေျပာေနရတာနဲ႔တင္ အခ်ိန္လြန္သြားမွန္းမသိတာမ်ိဳးေတာင္
ျပဴးျပဴးျပာျပာ ႀကဳံဖူးၾကပါလိမ့္မယ္။ အခ်စ္သည္ မ်က္လုံးနဲ႔ၾကည့္ခ်င္းတြင္ ေရာင့္ရဲမႈ မရွိတဲ့။

(၅) ေပ်ာ္႐ႊင္မႈေတြကို အတူတကြ ျဖတ္သန္းပါ

အေရးႀကီးဆုံးအခ်က္ထဲမွာ ဒီအခ်က္လည္း ပါပါတယ္။ ျမန္မာ ဆို႐ိုးစကားေလးရွိပါတယ္။ အစားေကာင္းအေသာက္ ေကာင္းနဲ႔ ႀကဳံရင္ ေဆြမ်ိဳးသားခ်င္းကို သတိရတယ္တဲ့။ ဒီလိုပါဘဲ ေပ်ာ္စရာေကာင္းတာနဲ႔ ေတြ႕ရင္ ခ်စ္သူကို သတိရတတ္
ပါတယ္။ သတိရေန႐ုံနဲ႔ မၿပီး၊ ကိုယ့္မွာရွိတဲ့ ေပ်ာ္႐ႊင္စရာေတြကိုလည္း သူနဲ႔အတူ ပူးတြဲခံစားတတ္ဖို႔လည္း လိုပါတယ္။


Si Si (auntymay)


Unicode ဖြင့်ဖတ်ရန်

ချစ်သူ နှစ် ယောက်ကြားမှာ လိင်ကိစ္စနဲ့ ဖန်တီးဖို့မလိုဘဲ ပိုမိုရင်းနှီးသွားစေမယ့်အရာများ





လိင်မှုကိစ္စနဲ့ အချစ်ကိစ္စနဲ့ကို တစ်ခြားဆီဟု ကျွန်တော် မဆိုလိုပါ။ ဒါပေသည့် တကယ့်အချစ်စစ်ဆိုသည်မှာ အလွန်နက်ရှိုင်း သည့် သံယောဇဉ် Deep Attachment မှ လာခြင်းကြောင့်ပင်။ ဒါ့အပြင် လိင်ကိစ္စကို အခြေခံသည့် အချစ်ရေးသည် လျှင်မြန်စွာ ငြီးငွေ့လွယ်ကြသည်လို့ စိတ်ပညာရှင်တစ်ဦးက ဆိုပါတယ်။ အဘယ့်ကြောင့်ဆိုသည် လိင်မှုကိစ္စကို လူတွေက ရနိုင်သမျှ အသစ်ကို ပိုပြီးတောင့်တကြသောကြောင့် ရေရှည်မှာ ငြီးငွေ့သွားကြခြင်းဟု ဆိုထားပါတယ်။ ဒီတော့ ချစ်သူ နှစ် ယောက်ကြားမှာ လိင်ကိစ္စနဲ့ ဖန်တီးဖို့မလိုတဲ့ ပိုမိုရင်းနီးအောင် လုပ်တဲ့နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) နွေးထွေးပျူငှာသော အထိအတွေ့

ချစ်သူနဲ့ နေ့စဉ် လက်ပွန်းတတီး နေပါ။ အထိအတွေ့ဟာ စကားလုံးတွေထက် ပိုထိရောက်ပါတယ်။ တစ်ယောက်ကို တစ်ယောက်၊ ပွေ့ဖက်ခြင်း၊ ဖေးမခြင်း၊ ပွေ့ချီခြင်း၊ သိုင်းဖက်ခြင်းစတဲ့ ကိုယ်အမူအယာ နှီးနွယ်ဆက်ဆံမှုတွေဟာ ချစ်သူ
ချင်း ရင်းနီးမှုကို ပိုတိုးစေပါတယ်။

(၂) နမ်းပါ


မူလဆောင်းပါးထဲမှာတော့ နမ်းတဲ့အခါတိုင်း တစ်ခါမှ မနမ်းဖူးသေးတဲ့ ပုံစံမျိုးနဲ့ နမ်းပါလို့ အကြံပေးထားပါတယ်။ အနမ်းဟာ ချစ်သူတို့ဘဝမှာ မကင်းစကောင်းပေ။ နမ်းလို့ရတဲ့ နေရာမှန်သမျှ နမ်းသာ နမ်းကြပေတော့။ အနမ်းက အထိအတွေ့ထက် ပိုတဲ့ ရင်းနီးမှုကို ပေးပါတယ်။

(၃) တစ်ယောက်ကိုတစ်ယောက် မှီအိပ်တဲ့အကျင့် ရှိပြီလား
ကားအတူတူ စီးတဲ့အခါ၊ တီဗွီကြည့်နေရင်း၊ နေလည်ပိုင်း အားလပ်ချိန်မျိုးမှာ ချစ်သူရဲ့ ရင်ခွင်ထဲကို တိုးဝှေ့အိပ်ဖူးပြီလား၊ ချစ်သူရဲ့ လက်မောင်းပေါ်မှာ အိပ်ဖူးပြီလား၊ ချစ်သူရဲ့ ရင်ဘက်ပေါ်၊ ပေါင်ပေါ်မှာ အိပ်ဖူးပြီလား၊ မအိပ်ဖူးသေးရင် အိပ်ကြည့်ပါ။ သင်တို့ချင်း ရင်းနီးမှုအခြေအနေ ဘယ်လောက်တိုးတက်လာသလဲဆိုတာ မြင်ရမှာပါ။

(၄) မျက်ဝန်းချင်းဆိုင်ပြီး စကားပြောတဲ့အကျင့် လုပ်ပါ

ချစ်သူနဲ့ စကားပြောတဲ့အခါ မျက်ဝန်းချင်းတေ့တေ့ဆိုင်ဆိုင် ကြည့်ပြီး၊ စကားပြောရတာကိုက ဖီးလ်တစ်မျိုးပါဘဲ။ တစ်ချို့ဆို မိတွေ လစ်တုန်း ခိုးတွေ့ရတာ၊ မျက်ဝန်းလေး ကြည့်ပြီး စကားပြောနေရတာနဲ့တင် အချိန်လွန်သွားမှန်းမသိတာမျိုးတောင်
ပြူးပြူးပြာပြာ ကြုံဖူးကြပါလိမ့်မယ်။ အချစ်သည် မျက်လုံးနဲ့ကြည့်ချင်းတွင် ရောင့်ရဲမှု မရှိတဲ့။

(၅) ပျော်ရွှင်မှုတွေကို အတူတကွ ဖြတ်သန်းပါ

အရေးကြီးဆုံးအချက်ထဲမှာ ဒီအချက်လည်း ပါပါတယ်။ မြန်မာ ဆိုရိုးစကားလေးရှိပါတယ်။ အစားကောင်းအသောက် ကောင်းနဲ့ ကြုံရင် ဆွေမျိုးသားချင်းကို သတိရတယ်တဲ့။ ဒီလိုပါဘဲ ပျော်စရာကောင်းတာနဲ့ တွေ့ရင် ချစ်သူကို သတိရတတ်
ပါတယ်။ သတိရနေရုံနဲ့ မပြီး၊ ကိုယ့်မှာရှိတဲ့ ပျော်ရွှင်စရာတွေကိုလည်း သူနဲ့အတူ ပူးတွဲခံစားတတ်ဖို့လည်း လိုပါတယ်။


Si Si (auntymay)


မှတ်ချက်များ