Zawgyiျဖင့္ဖတ္ရန္
ႏိုဝင္ဘာ ၂၅ ရက္ ညေနပိုင္းေလာက္က မိန္းကေလးငယ္တစ္ဦးကို ေမာ္လၿမိဳင္ၿမိဳ႕ ေျမနီကုန္းရပ္ စတိုင္တည္းခိုခန္းမွာ ျမင္းေဆးေတြေကြၽး၊ အရက္တိုက္ၿပီး အဓမၼျပဳက်င့္ကာ စြန႔္ပစ္ခဲ့မႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ မိန္းကေလးငယ္ဟာ တည္းခိုခန္းကေန ငိုယိုကာ ထြက္လာၿပီး တကၠစီဂိတ္နားတစ္ခုမွာ အားျပတ္ လဲက်သြားခဲ့တယ္လို႔ ကူညီကယ္ဆယ္ေရးေဆာင္႐ြက္ေပးခဲ့တဲ့ ကိုဇင္မိုးက Duwun ကိုေျပာပါတယ္။
အဲဒီေနာက္ ကယ္ရီသမားေတြက ရာမညကယ္ဆယ္ေရးအဖြဲ႕ကို ဖုန္းဆက္အကူအညီေတာင္းခဲ့ရာကတစ္ဆင့္ အဆိုပါ အမ်ိဳးသမီးငယ္ကို ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ရပါတယ္။
ေဆး႐ုံမွာ ကနဦးစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီး သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ထံကို အေၾကာင္းၾကားကာ ဆက္လက္ေဆာင္႐ြက္ခဲ့ရတယ္လို႔ သိရပါတယ္။
အမ်ိဳးသမီးငယ္ကို ေမးျမန္းရာမွာ ရန္ကုန္ၿမိဳ႕၊ လႈိင္သာယာ (၇) ရပ္ကြက္မွာ ေနထိုင္သူျဖစ္ေၾကာင္း၊ ရန္ကုန္-ျမဝတီကေန ေမာ္လၿမိဳင္ကို ေရာက္လာခဲ့တယ္လို႔ ဆိုပါတယ္။
လူကုန္ကူးရဲတပ္ဖြဲ႕ကတစ္ဆင့္ ရန္ကုန္ၿမိဳ႕၊လႈိင္သာယာမွာေနထိုင္တဲ့ မိသားစုကို အဆက္အသြယ္ခဲ့ၿပီး အမ်ိဳးသမီးငယ္မွာ လြန္ခဲ့တဲ့ ၁၀ ရက္ခန႔္ကတည္းက အိမ္ကေန ေပ်ာက္သြားခဲ့ရၿပီး မိခင္ျဖစ္သူက လိုက္လံရွာေဖြေနေၾကာင္း သိခဲ့ရပါတယ္။
“ ေကာင္မေလးရဲ႕အေမလည္း ဒီကို ေရာက္ေနပါၿပီ။ ေလာေလာဆယ္ေကာင္မေလးက စိတ္အေျခအေနမူမမွန္ေသးဘူးလို႔ သိရပါတယ္။ မသကၤာစရာလူကိုလည္း မေန႔ညကတည္းက ရဲေတြက ဖမ္းမိထားၿပီလို႔သိရပါတယ္” လို႔ ကိုဇင္မိုးက Duwun ကိုေျပာပါတယ္။
သံသယရွိသူမွာ ေမာ္လၿမိဳင္ သီရိၿမိဳင္ရပ္ကြက္မွာ ေနထိုင္သူ အသက္ (၅၀) ေက်ာ္အ႐ြယ္ရွိၿပီး ေမာ္လၿမိဳင္-ျမဝတီကားေမာင္းသူတစ္ဦးျဖစ္ကာ အမ်ိဳးသမီးငယ္ကို ျမဝတီကေန ေမာ္လၿမိဳင္ကို ေခၚေဆာင္လာခဲ့တယ္လို႔ စစ္ေဆးခ်က္ေတြအရသိရပါတယ္။
ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က အခင္းျဖစ္ တည္းခိုခန္းကို သြားေရာက္စစ္ေဆးရာမွာ ျဖစ္စဥ္မွန္ေၾကာင္း သိခဲ့ရၿပီး အမ်ိဳးသမီးငယ္က အသက္ (၁၈) ႏွစ္အ႐ြယ္ရွိတယ္လို႔ ဆိုပါတယ္။လက္ရွိေတာ့ ဒိုင္းဝန္းကြင္းနယ္ေျမရဲစခန္းကေန သံသယရွိသူကို ဖမ္းဆီးထားၿပီး ဆက္လက္စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔လည္းသိရပါတယ္။
Unicode ဖြင့်ဖတ်ရန်
နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းလောက်က မိန်းကလေးငယ်တစ်ဦးကို မော်လမြိုင်မြို့ မြေနီကုန်းရပ် စတိုင်တည်းခိုခန်းမှာ မြင်းဆေးတွေကျွေး၊ အရက်တိုက်ပြီး အဓမ္မပြုကျင့်ကာ စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မိန်းကလေးငယ်ဟာ တည်းခိုခန်းကနေ ငိုယိုကာ ထွက်လာပြီး တက္ကစီဂိတ်နားတစ်ခုမှာ အားပြတ် လဲကျသွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ ကိုဇင်မိုးက Duwun ကိုပြောပါတယ်။
အဲဒီနောက် ကယ်ရီသမားတွေက ရာမညကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက်အကူအညီတောင်းခဲ့ရာကတစ်ဆင့် အဆိုပါ အမျိုးသမီးငယ်ကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။
ဆေးရုံမှာ ကနဦးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံကို အကြောင်းကြားကာ ဆက်လက်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
အမျိုးသမီးငယ်ကို မေးမြန်းရာမှာ ရန်ကုန်မြို့၊ လှိုင်သာယာ (၇) ရပ်ကွက်မှာ နေထိုင်သူဖြစ်ကြောင်း၊ ရန်ကုန်-မြဝတီကနေ မော်လမြိုင်ကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
လူကုန်ကူးရဲတပ်ဖွဲ့ကတစ်ဆင့် ရန်ကုန်မြို့၊လှိုင်သာယာမှာနေထိုင်တဲ့ မိသားစုကို အဆက်အသွယ်ခဲ့ပြီး အမျိုးသမီးငယ်မှာ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကတည်းက အိမ်ကနေ ပျောက်သွားခဲ့ရပြီး မိခင်ဖြစ်သူက လိုက်လံရှာဖွေနေကြောင်း သိခဲ့ရပါတယ်။
“ ကောင်မလေးရဲ့အမေလည်း ဒီကို ရောက်နေပါပြီ။ လောလောဆယ်ကောင်မလေးက စိတ်အခြေအနေမူမမှန်သေးဘူးလို့ သိရပါတယ်။ မသင်္ကာစရာလူကိုလည်း မနေ့ညကတည်းက ရဲတွေက ဖမ်းမိထားပြီလို့သိရပါတယ်” လို့ ကိုဇင်မိုးက Duwun ကိုပြောပါတယ်။
သံသယရှိသူမှာ မော်လမြိုင် သီရိမြိုင်ရပ်ကွက်မှာ နေထိုင်သူ အသက် (၅၀) ကျော်အရွယ်ရှိပြီး မော်လမြိုင်-မြဝတီကားမောင်းသူတစ်ဦးဖြစ်ကာ အမျိုးသမီးငယ်ကို မြဝတီကနေ မော်လမြိုင်ကို ခေါ်ဆောင်လာခဲ့တယ်လို့ စစ်ဆေးချက်တွေအရသိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အခင်းဖြစ် တည်းခိုခန်းကို သွားရောက်စစ်ဆေးရာမှာ ဖြစ်စဉ်မှန်ကြောင်း သိခဲ့ရပြီး အမျိုးသမီးငယ်က အသက် (၁၈) နှစ်အရွယ်ရှိတယ်လို့ ဆိုပါတယ်။လက်ရှိတော့ ဒိုင်းဝန်းကွင်းနယ်မြေရဲစခန်းကနေ သံသယရှိသူကို ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။
Credit: Duwun


မှတ်ချက်များ