Zawgyiျဖင့္ဖတ္ရန္
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေဖာင္းျပင္ၿမိဳ႕နယ္ ကုန္းႀကီးေက်း႐ြာမွာ အသက္(၆)ႏွစ္အ႐ြယ္မိန္းကေလးတစ္ဦး ႏိုဝင္ဘာ(၁၈)ရက္ေန႔က မိဘေတြယာေတာထဲအလုပ္သြားေနစဥ္ သူငယ္ခ်င္းေတြနဲ႔ ႐ြာဘုရားေစတီအတြင္းမွာ ကစားရင္းေပ်ာက္ဆုံးသြားခဲ့ပါတယ္။
သူငယ္ခ်င္းေတြက ကစားၿပီး ျပန္သြားစဥ္မွာ အဆိုပါမိန္းကေလးငယ္က ဘုရားမွာတစ္ေယာက္တည္းေနခဲ့ၿပီး ညေနေစာင္းလို႔ မိဘေတြအိမ္ျပန္ေရာက္တဲ့ အထိ အိမ္ကိုျပန္ေရာက္မလာခဲ့ဘူးလို႔သိရပါတယ္။
“ မိသားစုက ႏြမ္းပါးေတာ့ မိဘေတြကလည္း စားဝတ္ေနေရးအတြက္ပဲ လုံးပန္းေနၾကရတာ။ ေပ်ာက္သြားတဲ့ေန႔ ညေနပိုင္းေလာက္မွ ကေလးအိမ္ျပန္ေရာက္မလာေတာ့မွ မိဘေတြကလည္း တာဝတ္ရွိသူေတြထံအေၾကာင္းၾကားတာ။ ကေလးကိုသူေပ်ာက္ဆုံးသြားတဲ့ ေန႔ကစၿပီး တစ္ပတ္ျပည့္တဲ့ေန႔မွာ ကေလးေနအိမ္ရဲ႕ေပ (၆၀၀)ေလာက္အကြာမွာရွိတဲ့ ကိုင္းေတာထဲမွာ ေသဆုံးလွ်က္ျပန္ေတြ႕တာ။ အဲဒီေန႔က ကေလးဝတ္ထားတဲ့ အက်ီ ကႋု ကေလးရဲ႕ ပါးစပ္မွာဆို႔ထားၿပီးေတာ့ ကေလးက ေဘာင္းဘီမပါေတာ့ဘူး။ ၿပီးေတာ့ ကေလးရဲ႕ မိန္းမကိုယ္ကလည္း ပုံမွန္အတိုင္းမဟုတ္ဘူး။ ပ်က္စီးေနတာေတြ႕ရေတာ့ ကြၽန္ေတာ္တို႔က သက္ငယ္မုဒိန္းလို႔ေတာ့ သတ္မွတ္ထားတယ္” လို႔ မာန္သဲ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ၫြန႔္က Duwun ကိုေျပာပါတယ္။
မိန္းကေလးငယ္ဟာ ပုံမွန္ေသဆုံးမႈမဟုတ္တာေၾကာင့္ ေဖာင္းျပင္ရဲစခန္းမွာ ေသမႈေသခင္းနဲ႔ အမႈဖြင့္ထားၿပီး ေဆး႐ုံမွာလည္း ေဆးစစ္ေဆးခ်က္ေတြေဆာင္႐ြက္ထားတယ္လို႔သိရပါတယ္။ ကေလးရဲ႕ အေလာင္းကိုေတာ့ မေန႔က ႏိုဝင္ဘာ(၂၅)ရက္ေန႔ကပဲ သၿဂိ ၤုလ္ၿပီးသြားၿပီျဖစ္တယ္လို႔ ဦးေက်ာ္ၫြန႔္ကေျပာပါတယ္။
Unicode ဖြင့်ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ကုန်းကြီးကျေးရွာမှာ အသက်(၆)နှစ်အရွယ်မိန်းကလေးတစ်ဦး နိုဝင်ဘာ(၁၈)ရက်နေ့က မိဘတွေယာတောထဲအလုပ်သွားနေစဉ် သူငယ်ချင်းတွေနဲ့ ရွာဘုရားစေတီအတွင်းမှာ ကစားရင်းပျောက်ဆုံးသွားခဲ့ပါတယ်။
သူငယ်ချင်းတွေက ကစားပြီး ပြန်သွားစဉ်မှာ အဆိုပါမိန်းကလေးငယ်က ဘုရားမှာတစ်ယောက်တည်းနေခဲ့ပြီး ညနေစောင်းလို့ မိဘတွေအိမ်ပြန်ရောက်တဲ့ အထိ အိမ်ကိုပြန်ရောက်မလာခဲ့ဘူးလို့သိရပါတယ်။
“ မိသားစုက နွမ်းပါးတော့ မိဘတွေကလည်း စားဝတ်နေရေးအတွက်ပဲ လုံးပန်းနေကြရတာ။ ပျောက်သွားတဲ့နေ့ ညနေပိုင်းလောက်မှ ကလေးအိမ်ပြန်ရောက်မလာတော့မှ မိဘတွေကလည်း တာဝတ်ရှိသူတွေထံအကြောင်းကြားတာ။ ကလေးကိုသူပျောက်ဆုံးသွားတဲ့ နေ့ကစပြီး တစ်ပတ်ပြည့်တဲ့နေ့မှာ ကလေးနေအိမ်ရဲ့ပေ (၆၀၀)လောက်အကွာမှာရှိတဲ့ ကိုင်းတောထဲမှာ သေဆုံးလျှက်ပြန်တွေ့တာ။ အဲဒီနေ့က ကလေးဝတ်ထားတဲ့ အကျီ င်္ကို ကလေးရဲ့ ပါးစပ်မှာဆို့ထားပြီးတော့ ကလေးက ဘောင်းဘီမပါတော့ဘူး။ ပြီးတော့ ကလေးရဲ့ မိန်းမကိုယ်ကလည်း ပုံမှန်အတိုင်းမဟုတ်ဘူး။ ပျက်စီးနေတာတွေ့ရတော့ ကျွန်တော်တို့က သက်ငယ်မုဒိန်းလို့တော့ သတ်မှတ်ထားတယ်” လို့ မာန်သဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်က Duwun ကိုပြောပါတယ်။
မိန်းကလေးငယ်ဟာ ပုံမှန်သေဆုံးမှုမဟုတ်တာကြောင့် ဖောင်းပြင်ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး ဆေးရုံမှာလည်း ဆေးစစ်ဆေးချက်တွေဆောင်ရွက်ထားတယ်လို့သိရပါတယ်။ ကလေးရဲ့ အလောင်းကိုတော့ မနေ့က နိုဝင်ဘာ(၂၅)ရက်နေ့ကပဲ သဂြိ ၤုလ်ပြီးသွားပြီဖြစ်တယ်လို့ ဦးကျော်ညွန့်ကပြောပါတယ်။
Credit: Duwun


မှတ်ချက်များ