ညီမ ရွိသူေတြသာ နားလည္တဲ့ အမႀကီးေတြရဲ႕ ဒုကၡကို ရင္ဖြင့္လိုက္တဲ့ ပိုင္ၿဖိဳးသု


Zawgyiျဖင့္ဖတ္ရန္

အကယ္ဒမီမင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသုမွာေတာ့ သူမလိုပဲ ခ်စ္စရာေကာင္းၿပီး ပညာေရးဘက္မွာ ထူးခြၽန္တဲ့ ညီမေလး တစ္ေယာက္ရွိပါတယ္။ ညီအစ္မ ႏွစ္ေယာက္က ႐ုပ္ခ်င္းဆင္၊ စကားေျပာဆိုပုံခ်င္းကလည္း တူၿပီး Body ကလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ သိပ္မကြာၾကပါဘူး။ အစ္မနဲ႔ ေတြ႕ရင္ အၿမဲ ကေလးေလး လိုျဖစ္ေနတဲ့ ညီမေလး ကိုေတာ့ ပိုင္ၿဖိဳးသုက ခ်စ္စႏိုးနဲ႔ Fb ကေန က်ီစယ္စေနာက္ တာမ်ိဳးကိုလည္း ေတြ႕ရပါတယ္။

ညီမျဖစ္သူက အစ္မႀကီးကို အေဝးႀကီးကေန ေတာင္မွ လွမ္းၿပီး ဗိုလ္ က် လိုက္တာေလးကိုေတာ့ သုသုက သူမရဲ႕ အေကာင့္မွာ တင္ထားပါတယ္။ သူမရဲ႕ ဂ်က္ကတ္ေလးကို လိုခ်င္လာလို႔ လွမ္းပို႔ ေပးခိုင္းလိုက္တာပါ။ တကယ္ေတာ့ အဲ့ဒီအက်ီေလၤးက ဥဥ ကပဲ သုသုကို ပို႔ ေပးထားတဲ့ အက်ီေလၤးပါ။ သုသုကေတာ့ ညီမေလးကို Fb ကေန လွမ္းၿပီး က်ီစယ္ စ ေနာက္လိုက္ၿပီး အမ ျဖစ္သူေတြသာ နားလည္ ႏိုင္မယ့္ ဒုကၡဆိုၿပီး  Post တင္ခဲ့ပါတယ္။

“ဪ….ငါ့ညီမ ႏိုင္ၿဖိဳးဥ ဆိုသည္မွာလည္း ငါဝတ္သမွ်အက်ႌဓါးျပတိုက္တာ အက်င့္ပါၿပီး လာေျပာေသးတာေနာ္…”ဟဲ့….သုသုမအခုတင္လိုက္တဲ့ဓါတ္ပုံထဲနင္ဝတ္ထားတဲ့ Jacket ေလးငါႀကိဳက္တယ္ လူႀကဳံရွိရင္ထည့္ေပးလိုက္တဲ့…”

ဟဲ့… “ဒီအက်ႌ…ငါ့ဖာသာငါဝယ္တာမဟုတ္ဘူး…နင္ပဲဝယ္ပို႔ေပးလိုက္တာ…လူႀကဳံနဲ႔!!!..ဘယ့္ႏွယ့္ေအ…ငါ့အက်ႌ‌ေလးမိုင္ေပါင္း8000ေက်ာ္ အသြားအျပန္ေတာ့ေလယာဥ္မစီးခိုင္းပါနဲ႔ေအ  ဝတ္ဖူးသမွ်အဝတ္အစားလည္းလွတာမွန္သမွ်နင္ယူသြားတာနဲ႔…ငါ့မွာအျပင္ထြက္ရင္ပဲမ်ားစရာေတာင္မက်န္ေတာ့ဘူး…မိုင္ေပါင္း 8000 ေက်ာ္ေဝးလည္း ဒီေအးဓါးျပရန္ကငါ့ခမ်ာမလြတ္ႏိုင္ေသးဘူး

တတ္ႏိုင္ဘူးေအ က်ဳပ္ကဘာေလးဝတ္ဝတ္ခ်စ္ခ်ာေလးျဖစ္ေနေတာ့ညည္းနာ့အက်ႌေတြလိုခ်င္တာလည္းဆန္းပါဘူးေအ….

ကိုယ္လုံးခ်င္းသိပ္မကြာတဲ့ ညီမဂ်ပလုံးေကာင္ေတြရွိတဲ့မမႀကီး‌‌ေတြအခ်င္းခ်င္းပဲဒီဒုကၡနားလည္တယ္ …’

Source:ပိုင္ၿဖိဳးသုရဲ႕ FB

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ညီမ ရှိသူတွေသာ နားလည်တဲ့ အမကြီးတွေရဲ့ ဒုက္ခကို ရင်ဖွင့်လိုက်တဲ့ ပိုင်ဖြိုးသု

အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုမှာတော့ သူမလိုပဲ ချစ်စရာကောင်းပြီး ပညာရေးဘက်မှာ ထူးချွန်တဲ့ ညီမလေး တစ်ယောက်ရှိပါတယ်။ ညီအစ်မ နှစ်ယောက်က ရုပ်ချင်းဆင်၊ စကားပြောဆိုပုံချင်းကလည်း တူပြီး Body ကလည်း တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာကြပါဘူး။ အစ်မနဲ့ တွေ့ရင် အမြဲ ကလေးလေး လိုဖြစ်နေတဲ့ ညီမလေး ကိုတော့ ပိုင်ဖြိုးသုက ချစ်စနိုးနဲ့ Fb ကနေ ကျီစယ်စနောက် တာမျိုးကိုလည်း တွေ့ရပါတယ်။

ညီမဖြစ်သူက အစ်မကြီးကို အဝေးကြီးကနေ တောင်မှ လှမ်းပြီး ဗိုလ် ကျ လိုက်တာလေးကိုတော့ သုသုက သူမရဲ့ အကောင့်မှာ တင်ထားပါတယ်။ သူမရဲ့ ဂျက်ကတ်လေးကို လိုချင်လာလို့ လှမ်းပို့ ပေးခိုင်းလိုက်တာပါ။ တကယ်တော့ အဲ့ဒီအကျီင်္လေးက ဥဥ ကပဲ သုသုကို ပို့ ပေးထားတဲ့ အကျီင်္လေးပါ။ သုသုကတော့ ညီမလေးကို Fb ကနေ လှမ်းပြီး ကျီစယ် စ နောက်လိုက်ပြီး အမ ဖြစ်သူတွေသာ နားလည် နိုင်မယ့် ဒုက္ခဆိုပြီး  Post တင်ခဲ့ပါတယ်။

“ဪ….ငါ့ညီမ နိုင်ဖြိုးဥ ဆိုသည်မှာလည်း ငါဝတ်သမျှအင်္ကျီဓါးပြတိုက်တာ အကျင့်ပါပြီး လာပြောသေးတာနော်…”ဟဲ့….သုသုမအခုတင်လိုက်တဲ့ဓါတ်ပုံထဲနင်ဝတ်ထားတဲ့ Jacket လေးငါကြိုက်တယ် လူကြုံရှိရင်ထည့်ပေးလိုက်တဲ့…”

ဟဲ့… “ဒီအင်္ကျီ…ငါ့ဖာသာငါဝယ်တာမဟုတ်ဘူး…နင်ပဲဝယ်ပို့ပေးလိုက်တာ…လူကြုံနဲ့!!!..ဘယ့်နှယ့်အေ…ငါ့အင်္ကျီ‌လေးမိုင်ပေါင်း8000ကျော် အသွားအပြန်တော့လေယာဉ်မစီးခိုင်းပါနဲ့အေ  ဝတ်ဖူးသမျှအဝတ်အစားလည်းလှတာမှန်သမျှနင်ယူသွားတာနဲ့…ငါ့မှာအပြင်ထွက်ရင်ပဲများစရာတောင်မကျန်တော့ဘူး…မိုင်ပေါင်း 8000 ကျော်ဝေးလည်း ဒီအေးဓါးပြရန်ကငါ့ခမျာမလွတ်နိုင်သေးဘူး

တတ်နိုင်ဘူးအေ ကျုပ်ကဘာလေးဝတ်ဝတ်ချစ်ချာလေးဖြစ်နေတော့ညည်းနာ့အင်္ကျီတွေလိုချင်တာလည်းဆန်းပါဘူးအေ….

ကိုယ်လုံးချင်းသိပ်မကွာတဲ့ ညီမဂျပလုံးကောင်တွေရှိတဲ့မမကြီး‌‌တွေအချင်းချင်းပဲဒီဒုက္ခနားလည်တယ် …’

Source:ပိုင်ဖြိုးသုရဲ့ FB

Credit:Aunty May

မှတ်ချက်များ